အနမ်းပေါင်းချုပ်

ဂျန်ဒါရီ

500 Kyats ကျပ်
အနမ်းပေါင်းချုပ်တဲ့။ စာအုပ်နာမည်အတိုင်းပဲ စာအုပ်ထဲမှာပါတဲ့ ကဗျာတော်တော်များများက နူးညံ့လွန်းတယ်။ တချို့ကဗျာတွေကျတော့ ကြမ်းရှလွန်းပေမယ့် ချိုမြိန်တဲ့အရသာကို ခံစားရတယ်။ သေချာတာကတော့ တစ်ပုဒ်ဆို ဆိုသလောက်ကို နည်းနည်းတော့ ရင်ထဲနွမ်းနွမ်းလျလျ ဖြစ်မိစေတယ် ဆိုတာပါပဲ။ စာအုပ်ထဲမှာ ဆင်တူ၊ တမလွန်၊ နံနက်ကိုးနာရီခွဲ၊ ဒန့်သလွန်ပင်ကြားက၊ လှောင်ချိုင့်ဆန်မှု၊ စောင့်စားသူ၊ ပန်းတိုင်မဲ့၊ နွယ်ရွက်ရှမ်းတောက်၊ မျက်ရည်၊ မြေစောင့်နတ်ရဲ့တရားမျှတခြင်း၊ စုန်းမလေးရဲ့ခင်ပွန်းသည်ဆီကအပါအဝင် ခံစားချက်လက်ရာပေါင်း (၂၂) ပုဒ်ပါဝင်ပါတယ်။