ခေါင်းဆောင်မှု အရည်အသွေးနှင့် စိတ်ပညာဆောင်းပါးများ

ချစ်နိုင်(စိတ်ပညာ)

800 Kyats ကျပ်
ဒီစာအုပ်ကတော့ ခေါင်းဆောင်မှု အရည်အသွေးအတွက် လက်တွေ့အသုံးချဖို့ အထောက်အကူရစေမယ့် ဆောင်းပါးများကို စုစည်းဖော်ပြထားတာပါ။ ဒါ့အပြင် စာအုပ်ခေါင်းစဉ်အတိုင်းပဲ ခေါင်းဆောင်မှု အရည်အသွေးနဲ့ ဆက်နွယ်နေတဲ့ စိတ်ပညာဆိုင်ရာ လေ့လာ သတိပြုစရာ အချက်တွေ၊ အတွေးအမြင်တွေကိုပါ ဒီစာအုပ်ပါ ဆောင်းပါးတွေက ဂရုပြုနိုင်စေမှာပါ။ ဆရာကတော့ သူ့ရဲ့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး “စာအုပ်ထဲမှ တစ်လုံး တစ်ပါဒကို ကောင်းစွာသိရှိ ထိုးထွင်းပြီး မြင်သွားပါက ကြီးမားစွာ အကျိုးရပါစေမည်။ ထူးခြားအောင်မြင် စေနိုင်ပါသည်” လို့ ညွှန်းဆိုထားပါတယ်။ ဆရာဟာ သူ့ရဲ့ ဘဝအတွေ့အကြုံ ဖြတ်သန်းမှုတွေနဲ့ယှဉ်ပြီး ဖော်ပြထားတဲ့ ဒီခေါင်းဆာင်မှု အရည်အသွေးဆိုင်ရာ အသုံးချနည်းနာတွေဟာ ဘယ်လောက်အထိ ကိုယ့်ဘဝနဲ့ အံဝင်ခွင်ကျ ဖြစ်နေမလဲ ဆိုတာ သိရဖို့ လေ့လာလိုက်ရအောင်နော်။