အချစ်အကြောင်းလေးတွေနည်းနည်း

ချစ်မင်းဝေ

800 Kyats ကျပ်
စာအုပ်နာမည်က 'အချစ်အကြောင်းလေးတွေနည်းနည်း' လို့ ဆိုတဲ့အတိုင်း တကယ်လည်း စာအုပ်ထဲမှာ အချစ်အကြောင်းလေးတွေနဲ့ အစပြုလို့ ဖြစ်တည်လာတဲ့ အတွေးတွေ အများကြီးပါဝင်ပါတယ်။ တိုက်ဆိုင်လို့ဖြစ်ဖြစ်၊ တကူးတကဖြစ်ဖြစ်၊ အမှတ်တရ တစ်ခုခုကြောင့်ဖြစ်ဖြစ်၊ လွဲမှားမှု တစ်ခုခုကြောင့်ဖြစ်ဖြစ်၊ အတိတ်ကာလထဲက အကြောင်းတရား တစ်ခုခုကြောင့်ဖြစ်ဖြစ် ဖြစ်တည်လာခဲ့တဲ့ အက်ဆေးတွေရယ်ပါ။ စာအုပ်ထဲမှာ ကိုယ့်ဘေးမှာ ရှိနေခဲ့ဖူးတဲ့သူ၊ မစ်ကီမောက်စ်ပုံစတစ်ကာနဲ့ အင်္ကျီ၊ နေ့ကလေး တစ်နေ့၊ ကျနော့်ပတ်ဝန်းကျင် တစ်ခုလုံးမှာ မိုးတွေရွာစွေ၊ ဝေးသောခုနှစ်တွေဆီက အမ ဖတ်ဖို့၊ ကျနော် ရှာဖွေတွေ့ရှိခဲ့ရသော အပါအဝင် ခံစားသက်ဝင်လို့ကောင်းတဲ့ အက်ဆေးတွေ အများကြီးပါဝင်ပါတယ်။ စာဖတ်သူတွေကို အတွေးပေါင်းစုံ ရရှိစေမယ့် စာအုပ်ဖြစ်လို့ အခုပဲ ဖတ်ရှုခံစားကြည့်ကြပါဦး။