အကြင်နာလမ်းကလေးပေါ်မှာ

ခိုင်မီမီဇင်

800 Kyats ကျပ်
မြသက်ထား က ကျောင်းပိတ်တုန်း တူမလေးရှိတဲ့ ပြင်ဦးလွင်ကိုသွားတယ်။ တူမလေး ရွှန်းပြည့်ဦး ကို အဖေဖြစ်သူ သူရိန်က အမျိုးတွေနဲ့ မပတ်သက်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှန်းလေးရဲ့ အမေဖြစ်သူ အေးမြမိုးက ရည်းစားဟောင်းနောက် လိုက်သွားတယ်လို့ သူထင်နေလို့ပါပဲ။ ဒီတော့ ရွှန်းလေးကို သူရိန်နဲ့ ငယ်သူငယ်ချင်းလို့ဆိုတဲ့ ထက်ထက်ထွန်းတို့က ထိန်းကျောင်းတာပေါ့။ ဒါပေမဲ့ ရွှန်းလေးက အမေဖြစ်သူရဲ့ အမျိုးတွေနဲ့ အတူတူနေရတာကိုပဲ ပျော်တယ်။ ဒီတော့ မြသက်ထားက ရွှန်းလေးကို သူတို့မိသားစုနဲ့ နီးစပ်အောင်နည်းမျိုးစုံနဲ့ ကြိုးစားတာပေါ့။ အဲဒီမှာရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖတ်ရတာ ရင်တုန်ဖို့တော်တော်ကောင်းတယ်။ နောက်ပြီး ရွှန်းလေးရဲ့ အမေလည်းဖြစ် သူရိန်ရဲ့ ဇနီးလည်းဖြစ်တဲ့ အေးမြမိုးက ရည်းစားဟောင်းနောက် လိုက်သွားတာ မဟုတ်မှန်းသိရတဲ့ အခါမှာတော့… တကယ်ကို မိုက်တဲ့ ဝတ္ထုဖြစ်လို့ ဖတ်ကြည့်ကြပါဦး။