မော်စီတုန်းအတွေးအခေါ် အခြေခံများ

ခိုင်စိုး

600 Kyats ကျပ်
...တရုတ်ဘာသာကနေ တိုက်ရိုက် မြန်မာဘာသာ ပြန်ဆိုထားတဲ့ " မော်စီတုန်း အတွေးအခေါ် အခြေခံများ" ဆိုတဲ့ ဒီစာအုပ်ကတော့ တရုတ်ပြည်က မာက်စ့်လီနင်ဝါဒကို အသုံးပြုခြင်းနဲ့ ဖြစ်ပေါ်တိုးပွားခြင်း တို့ကို အခြေခံတဲ့ ဝါဒတွေအကြောင်း ဖြစ်ပါတယ်။ မော်စီတုန်း အတွေးအခေါ် ဖြစ်တည် ဖြစ်ပွားလာမှုဟာ မာက်စ့်ဝါဒနဲ့ တရုတ်ပြည် လက်တွေ့ အပြန်အလှန် ပေါင်းစပ်တဲ့ ဖြစ်စဉ်ဖြစ်ပြီး မာက်စ့်ဝါဒကို တရုတ်ပြည်အသွင် ဆောင်စေတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ရှောင်တခင် ဖြစ်ပွားမှုမျိုး မဟုတ်ဘဲ တရုတ်ပြည် တော်လှန်ရေးနဲ့ သမိုင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မော်စီတုန်းရဲ့ အတွေးအခေါ် အခြေခံတွေက ဘာတွေလဲ၊ ဘယ်လို အယူဝါဒတွေလဲ၊ တရုတ်ပြည်နဲ့ ခွဲခြားမရတဲ့ မော်စီတုန်းရဲ့ အတွေးအခေါ်တွေက ဘယ်လောက် သက်ရောက်မှု ရှိသလဲ၊ ဒီစာအုပ်ထဲမှာ လေ့လာနိုင်ပါတယ်။