သျှင်နေမင်းနှင့် ခေါင်းတလားနဲ့သရဲခေါင်းပြတ်

ခမ်းနားထည်ဝါ

200 Kyats ကျပ်
ဒီအဖြစ်ပျက်က ကြူတောကုန်းရွာမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အဲဒီရွာမှာ ဒေါ်မြရှင် ဆိုတဲ့ သူဌေးမကြီးတစ်ယောက်ရှိတယ်။ သူကနှုတ်ကြမ်းကိုယ်ကြမ်းရှိတယ်။ ဒါပေမဲ့ တစ်ရွာလုံးသူ့အကြွေးနဲ့ မလွတ်တော့ ဘာမှမပြောရဲကြဘူး။ သူ့သမီးနှစ်ယောက်ကလည်း အရက်သမား၊ အလောင်းကစားသမားဖြစ်တဲ့ ထွန်းလူ၊ သာကျော်နဲ့ ယူဖြစ်သွားတယ်။ တစ်နေ့ ထွန်းလူနဲ့ သာကျော်က ဒေါ်မြရှင်ကို သူတို့အပေါင်းအပါတွေနဲ့ ဓားပြတိုက်ပြီး ခေါင်းဖြတ်သတ်မိသွားတယ်။ ပိုဆိုးတာက အလောင်းမြေချတော့ အခေါင်းကို ပြောင်းပြန်မြှုပ်လိုက်သေးတယ်။ အဲဒီနောက်မှာတော့ ခေါင်းပြတ်သရဲဖြစ်သွားတဲ့ ဒေါ်မြရှင်က သူ့ကိုသတ်ခဲ့သူတွေနဲ့ တစ်ရွာလုံးကို ပြန်ပြီးသတ်တဲ့အခါမှာ… သျှင်နေမင်းနဲ့ ဆရာတိတို့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဝတ္ထုထဲမှာ ဖတ်ကြည့်ကြပါဦး။