နဂါးမာန်သားတော် ဆရာသခင်နှင့် သျှင်နေမင်း

ခမ်းနားထည်ဝါ

200 Kyats ကျပ်
...သျှင်နေမင်းဆိုတာ ဖြစ်မလာခင် သျှင်နေမင်းရဲ့ နောက်ကြောင်းကို ဒီစာအုပ်ထဲမှာ အရင်ဆုံးဖတ်ရမှာဗျ။ ဖြစ်စဉ်အစက ကိုယ်ပိုင်လယ်မြေတည်ဖို့ စွန့်စားရောက်ရှိလာသူတွေ။ အဲဒီအဖွဲ့ ခေါင်းဆောင်က ဦးလှရွှေ။ ကိုပန်းညို အဖွဲ့ထဲကဆိုပေမယ့် နားအေးပါးနေချင်လို့ သီးသန့်တဲဆောက်ပြီး မိသားစုနဲ့ နေထိုင်တဲ့သူပေါ့။ သူနေထိုင်တဲ့နားမှာ အနက်ရောင်ဝတ်စုံနဲ့ မိန်းမပုံစံလူတစ်ယောက်ကို အမြဲမြင်နေရတယ် ... အဲဒီနောက်ပိုင်း ကိုပန်းညိုနေမကောင်းဖြစ်တယ်။ သူတို့မိသားစုတွေ ကံဆိုးမိုးမှောင်ကျကြတယ်။ အဲဒီမှာ အသက်ရှင်သန်ခဲ့သူတစ်ယောက်တော့ နဂါးမာန်ဝင်းဂိုဏ်းဆရာ ဦးစောစီ မွေးစားခဲ့တဲ့ သျှင်နေမင်းပါပဲ။ သျှင်နေမင်းရဲ့ မိဘတွေ ဘယ်လိုဆိုးရွားတဲ့အဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ရလို့လဲ ? သူကရော အဖြစ်အပျက်တွေကို ရင်ဆိုင်ပြီး လူတွေကို ဘယ်လိုကယ်တင်မလဲဆိုတာ ဒီစာအုပ်ထဲမှာ ဖတ်ရမှာ ဖြစ်ပါတယ်။