ရွှေပြည်ကိုသာ လွမ်းတော့သည်

ခင်ဆွေဦး

800 Kyats ကျပ်
ဆရာမခင်ဆွေဦးရဲ့ အကျော်ကြားဆုံးလို့ဆိုရမယ့် ဝတ္ထုတစ်ပုဒ်ကတော့ “ဒို့တိုင်းဌာနီ” ပါ။ အံ့သြဖွယ်ကောင်းတာက ဒါဟာ ဆရာမရဲ့ ပထမဆုံးလုံးချင်းဝတ္ထုရှည်လည်း ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ တစ်ချိန်တစ်ခါက ဆရာမခင်ဆွေဦးကို စာဖတ်ပရိတ်သတ်များက ဒို့တိုင်းဌာနီလို ဝတ္ထုမျိုး ထပ်မံရေးသားဖို့ မကြာခဏ တိုက်တွန်းခဲ့ကြပါတယ်။ ဒီလိုစာဖတ်သူများ ရဲ့ တောင်းဆိုချက်အရ ယခု ပြောပြမယ့် “ရွှေပြည်ကိုသာ လွမ်းတော့သည်” ဝတ္ထုကို ရေးဖွဲ့ဖြစ်ခဲ့တာပါ။ ဒို့တိုင်းဌာနီဟာ မြန်မာနိုင်ငံရေးသမိုင်းကို သုတသနဆန်ဆန်ဖွဲ့နွဲ့ထားတဲ့ ဝတ္ထုသာဖြစ်တယ်လို့ ဆရာမခင်ဆွေဦး ဆိုပါတယ်။ ရွှေပြည်ကိုသာ လွမ်းတော့သည်ကတော့ ဝတ္ထုပီပီသသ အနုပညာဆန်ဆန် ရသကို ထိထိမိမိ ရစေမယ့် ဝတ္ထုတစ်ပုဒ်ပါ။ မြန်မာ့သမိုင်းထဲ ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့ကြသူတွေအထဲက တတိယမြန်မာနိုင်ငံထူထောင်သူလို့ ကင်ပွန်းတပ်ကြတဲ့ အလောင်းမင်းတရားရဲ့ နိုင်ငံတည်ထောင်ပြုစုမှုကို အခြေပြုပြီး ရေးသားထားတဲ့ ဒီဝတ္ထုဟာ ကနေ့ ခေတ်အတွက်ကို ရည်ညွှန်းပြီး စာဖတ်သူများ ဖတ်သင့်ဖတ်ထိုက်လှတာမို့ ဖတ်ဖြစ်အောင် ဖတ်ကြဖို့ အထူးပဲတိုက်တွန်းလိုက် ရပါတယ်။