တောမင်းသမီး

ခင်ခင်ထူး

1500 Kyats ကျပ်
ဆရာမကြီး ခင်ခင်ထူးသည် အညာဒေသတွင် ကြီးပြင်းခဲ့ရသူတစ်ဦး ဖြစ်သည်ကို ပြောစရာမလိုလောက်အောင် ဆရာမကြီး၏ ဝတ္ထုများထဲတွင် အညာသူအညာသားတို့၏ အကျင့်စရိုက်များ ရိုးသားပုံ ချစ်စဖွယ် စိတ်ထားလေးများကို ထည့်သွင်းရေးသားလေ့ရှိသည်။ စာရေးသူ ထိုဝတ္ထုဖြစ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ခဲ့ရပုံမှာ မလွယ်ကူချေ။ လုံးချင်းဝတ္ထု ဖြစ်လာရေးအတွက် အချက်အလက်များကို စုဆောင်းခဲ့ရသည်ပင် (၆) နှစ်ကျော် ကြာမြင့်ခဲ့ရသည်မက သဘင်သည်တို့၏ သဘာဝတရားများကိုလည်း ကိုယ်တိုင်ကွင်းဆင်းလေ့လာရင်း စိတ်နှစ်မြှုပ်ကာ ရေးသားခဲ့သည်ကို ခံစားနိုင်ပေလိမ့်မည်။ ထိုဝတ္ထုထဲရှိ မဗိုင်းတောင့်သည် ရွာသမတစ်ဦးပီပီ အလုပ်ကြိုးစားသူဖြစ်ပြီး အညာသူအညာသားတို့၏ ပွဲကြိုက်တတ်သော စရိုက်ကလေးများကိုလည်း ထည့်သွင်းထားသည်။ ကိုသာညို၏ စိတ်လေးမှာလည်း ရိုးသားကြသော တောသူတောင်သားတို့၏ သစ္စာကြီးပုံ အနေအေးသော တောသားကြီးအဖြစ် စာရေးသူက ဇာတ်အိမ်ဖွဲ့ထားသည်။ မဗိုင်းတောင့်သည် သူအလိုဆန္ဒရှိခဲ့သည့် သဘင်သည်ဘဝကို မဖြစ်ရသော်လည်း သူ၏ ဝမ်းမနာသမီး ဥသြသံအေးလေးကို လူပုံအလယ် ကျော်ကြားသည့် မင်းသမီးလေးဖြစ်အောင် သူ အစွမ်းကုန် ချစ်ခဲ့ ပံ့ပိုးပေးခဲ့ တန်ဖိုးထားခဲ့ပေသည်။ ဗိုက်အနာခံ မမွေးခဲ့ရသော်လည်း ရင်မှဖြစ်သည့် သမီးလေးကဲ့သို့ တယုတယ မွေးမြူခဲ့ရသည့် အမျိုးသမီးတို့၏ မေတ္တာစိတ် သဘင်သည်တို့၏ ဒုက္ခ သုခအဖုံဖုံ ဇာတ်သမတို့၏ ပင်ပန်းဆင်းရဲမှု မြန်မာတို့၏ ရိုးရာသဘင်အကြောင်းကို ဇာတ်အိမ်ဖွဲ့ရေးသားထားသည်မှာ ဖတ်ရသည်နှင့်အမျှ ရင်ထဲ ဝမ်းနည်းပူဆွေးရပါသည်။ Recommended by もみじ 花 (Wun Zinn Readers Club Member)