လိပ်ပြာခေါ်သံ

ကလောင်စုံ

800 Kyats ကျပ်
ပရလောကနဲ့ ပတ်သက်တဲ့ ဝတ္ထုဇာတ်လမ်းတွေကတော့ ဘယ်အချိန်ဖတ်ဖတ် ဖတ်လို့ကောင်းနေတာပဲရယ်။ ညဘက်မှာ တစ်ယောက်တည်းဖတ်ရင်တော့ ရှယ်ပဲပေါ့။ တချို့ဆို ပရလောကဇာတ်လမ်း ဆိုတာနဲ့ တမင်တကာကို ညရောက်မှ ဖတ်ကြတာ။ ဒီရက်ပိုင်း အဲဒီလို ဖတ်ချင်နေတယ်ဆိုရင် ဒီစာအုပ်ကိုသာ ဖတ်ကြည့် ! ဇာတ်လမ်းတွေက ကျောချမ်းစရာတွေချည်းပဲ။ စာပေမောင်နှမ (၁၇) ဦးတို့ရဲ့ လက်ရာတွေကို စုစည်းပြီးထုတ်ဝေထားတဲ့ ဒီစာအုပ်ထဲမှာ လိပ်ပြာခေါ်သံ၊ ဘဝခြားက သံယောဇဉ်၊ အငြိုးကြီးသော တစ္ဆေ၊ ဒေဝီသခင်မနှင့် ဝင်္ကဘာည၊ အိမ်ထဲမှာ၊ ဇော၊ ကိုယ်တွေ့မှတ်တမ်း၊ နွယ်မာ၊ သံယောဇဉ်ဝိညာဉ်၏ ခေါ်ဆောင်ရာ၊ စိတ်၏ခြေရာ စတဲ့စတဲ့ ပရလောကဇာတ်လမ်းတွေကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။