ရာဇဝင်တွင်မယ့် ဇာတ်ဆောင်များ

ကိုရွှေတောသား

500 Kyats ကျပ်
ဟာသရသ ဝတ္ထုဇာတ်လမ်းကောင်းကောင်းလေးတွေ ဖတ်ရင်း တဝါးဝါး တဟားဟား ရယ်ချင်ကြတဲ့ စာချစ်သူတွေအတွက် ကိုရွှေတောသားရဲ့ အမိုက်စား ဟာသဇာတ်လမ်းများ လာပါပြီ။ ရာဇဝင်တွင်မယ့် ဇာတ်ဆောင်များ … တဲ့။ ဘယ်လို ရာဇဝင်တွင်မယ့် တလွဲတချော် ဖြစ်ရပ်တွေနဲ့ ပုဂ္ဂိုလ်တွေပါလိမ့်လို့ တွေးမိကြမယ် ထင်ပါရဲ့။ မှန်ပါတယ်။ ဒီစာအုပ်ထဲမှာ ကိုရွှေတောသားက တလွဲတချော် ပုဂ္ဂိုလ်ကျော်တွေရဲ့ မပြုံးဘဲ ဝါးလုံးကွဲရယ်ရမယ့် ဟာသအဖြစ်အပျက်တွေကို လူတစ်ဦးချင်းစီအလိုက်၊ ဝတ္ထုတိုတစ်ပုဒ်ချင်း ဖန်တီးရေးသားထားပါတယ်။ ခေါင်းစဉ်လေးတွေကိုလည်း ကြည့်ဦး … လက်ကီးဆဲဗင်း ကိုကံမင်းတို့၊ မိုးလုံးပတ်လည် မောင်မောင်ကြည်တို့၊ ခံပေဦးတော့ မောင်မောင်ကြော့တို့၊ ဂွေးတောရွာက ဆြာလှတို့၊ ရိုက်ချက်ပွဲသိမ်း မောင်မောင်ငြိမ်းတို့ … စသဖြင့် တလွဲတချော် ပုဂ္ဂိုလ်ကျော်တို့ရဲ့ ဝိသေသ ဂုဏ်ပုဒ်တွေနဲ့အတူ တစ်ယောက်ချင်းစီရဲ့ အဖြစ်အပျက် ဝတ္ထုတွေက စာဖတ်သူကို ဘယ်လို ဟဒယရွှင်ဆေး တိုက်ကျွေးမလဲဆိုတာ သိရအောင် ဒီစာအုပ်လေးကို ကိုယ်တိုင်သာ ဖတ်ကြည့်ပါတော့လို့။