စာနယ်ဇင်း အသော့အထေ့များ

ကိုရွှေတောသား

500 Kyats ကျပ်
စာနယ်ဇင်းလောက အတွေ့အကြုံတွေထဲက ရယ်စရာ ပြုံးစရာ ထိထိမိမိ အသော့အထေ့လေးတွေကို ဖတ်ကြရမှာပါ။ ဆောင်းပါး၊ အက်ဆေး ဟန်မျိုးထက် သရော်စာ ဟာသဝတ္ထုဟန် အရေးအသားခပ်သွက်သွက်နဲ့ ရေးသားထားတာဆိုတော့ ပျင်းချိန်တောင် ရမှာမဟုတ်ပါဘူး။ တစ်ပုဒ်ဖတ်ပြီးတိုင်း သဘောကျလွန်းလို့ နောက်တစ်ပုဒ်ကို ဆက်ဖြစ်ရင်း ပြီးသွားမှာတောင် စိုးရိမ်နေပါလိမ့်မယ်။ ဖတ်ကြည့်ပါ မိတ်ဆွေ။ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ စာနယ်ဇင်းလောက အထေ့အငေါ့၊ အသော့အထေ့လေးတွေကတော့ … ပါစင်နယ် အင်တာဗျူး၊ လိုရင်းတိုရှင်း တွေ့ဆုံခြင်း၊ ငါးစင်ရိုင်းတို့ ဖြစ်ပုံများ၊ စပ်စပ်စုစု၊ ရာဇဝင်ထဲမှာ ရှိပါတယ်၊ ပြဿဒါးမလွတ်သော နေ့ရက်များ၊ ဤသို့ ကြုံဆုံခဲ့ပါသည်၊ ကျီးကြည့် ကြောင်ကြည့် မျက်လုံးများ၊ တော်ပါ့တန်ပါ့ ငါးစင်ရိုင်း၊ မကောင်းသူထိပ် ကောင်းသူထိပ်၊ ဘက်တူလျှင် လူမရွေးပါဘူး၊ ငယ်ထိပ်တည့်တည့် မှန်တဲ့ခဲ၊ ဒိုင်ပွဲရပ်၊ အကြံကုန်၍ ဆားချက်ခြင်း၊ ဒါမျိုးတွေလည်း ရှိတတ်တယ်၊ ဒီလိုလည်းပဲ ဖြစ်တတ်တယ်၊ သူပြောင်လျှင် ရှောင်မတွန့်ပါဘူး၊ လျှော့တွက်ထားလို့ မရဘူး … စတဲ့ လက်ရာတွေကို တပြုံးပြုံး တရယ်ရယ် ဖတ်ကြရမှာပါခင်ဗျ။