မြန်မာ့မြေမှ မြန်မာ့ထန်း

ကာတွန်းကြည်ဝင်း

600 Kyats ကျပ်
ထန်းပင်၊ ထန်းသီး၊ ထန်းရည်၊ ထန်းလျက်ခဲ ဆိုတာ မြန်မာနိုင်ငံရဲ့ ဒေသအတော်များများနဲ့ တရင်းတနှီး ရှိပြီးသားပါ။ အထက်အညာမှာရော၊ အောက်ပြည်အောက်ရွာမှာပါ ထန်းပင်တွေက မပြတ်ပေါက်ရောက်ကြပါတယ်။ အထက်အညာမှာတော့ ပိုပေါတာပေါ့နော်။ ဒီစာအုပ်ကို ရေးသားတဲ့ ဆရာ ကာတွန်းကြည်ဝင်းက ပုဂံညောင်ဦးခရိုင်၊ ဖလန်ကန်ကျေးရွာ ဇာတိသား ဖြစ်ပါတယ်။ ဖလန်ကန်ကျေးရွာဆိုတာ ထန်းတက်ခြင်း၊ ထန်းလှီးခြင်း၊ ထန်းလျက်ကျိုခြင်း၊၊ ထန်းလျက်ရောင်းဝယ်ခြင်း လုပ်ငန်းကို မိရိုးဖလာ လုပ်ကိုင်ခဲ့တဲ့ ရွာကလေးပါ။ ဒါကြောင့် စာရေးသူဟာ ဇာတိရပ်ရွာကို ကျေးဇူးဆပ်လိုတာရယ်၊ မြန်မာ့ထန်းအကြောင်းကို နိုင်ငံခြားသားတွေ မဆိုထားနဲ့၊ မြို့ပြနေ မြန်မာလူမျိုးတချို့တောင် မသိကြတာကို သိနားလည်စေချင်တဲ့ စေတနာရယ်၊ မြန်မာစာပေမှာ ထန်းနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရေးသားထားတဲ့ စာအုပ်မျိုး ရှားပါးလှတာရယ် စတဲ့ အကြောင်းအရင်းတွေ စုပေါင်းပြီး ယခုစာအုပ်ကို ရေးဖြစ်ခဲ့တာပါ။ မြန်မာလူမျိုးတွေနဲ့ မကင်းတဲ့ ထန်းပင်၊ ထန်းသီး၊ ထန်းရည်၊ ထန်းလျက် စတဲ့ ထန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ အချက်အလက်မှန်သမျှကို ဒီစာအုပ်မှာ ဖတ်ရှု လေ့လာကြည့်ရအောင်ခင်ဗျ !