ပန်းညိုပြာဗေဒါလမ်း တက်ရေကကြမ်း

ကာတွန်းကြည်ဝင်း

800 Kyats ကျပ်
ဆရာကာတွန်းကြည်ဝင်းရဲ့ အသက် (၆၇) နှစ်ပြည်၊ စာရေးသက် နှစ် (၅၀) ပည့်၊ ရွှေရတုအထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ မဂ္ဂဇင်းစာမျက်နှာတွေမှာ ပုံနှိပ်ဖော်ပြခဲ့ပြီးတဲ့ ဆရာကာတွန်းကြည်ဝင်းရဲ့ လက်ရာ ဝတ္ထုတိုတွေကို စုစည်းထားတဲ့ ဒီစာအုပ်မှာတော့ ဘဝဒဿန၊ အချစ်ဒဿနတွေကို လှစ်ဟပုံဖော်ထားတဲ့ မဂ္ဂဇင်းဝတ္ထုတိုတွေကို ဖတ်ရှုကြရမှာပါ။ အချစ်နဲ့ မကင်းနိုင်ကြတဲ့ လူသားတွေဆီမှာ အချစ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေက တစ်ယောက်တည်းမှာတင် တစ်ပုဒ်မက ရှိတတ်ကြတယ် မဟုတ်လား။ ချစ်ခြင်း၊ မုန်းခြင်းတွေ၊ ပျော်ရွှင်ကြည်နူးခြင်းတွေနဲ့ လွမ်းမောသောကတွေ၊ မတူညီတဲ့ လူ့အသိုင်းအဝိုင်းမှာ ဖြစ်ပွားလေ့ရှိတဲ့ လူတန်းစားပြဿနာတွေကို ဝတ္ထုဇာတ်လမ်းအဖြစ် ဖန်တီးပုံဖော်တဲ့အခါမှာတော့ စာဖတ်သူတွေအတွက် ဆင်ခြင်စရာတွေ၊ လေ့လာစရာတွေ၊ အတုယူစရာတွေ၊ ရှောင်ကြဉ်နိုင်စရာတွေ ထွက်ပေါ်လာပါတယ်။ ဆရာ့ရဲ့ ဝတ္ထုတိုတွေက အချစ်ကို အခြေခံပြီး ရေးသားထားပေမဲ့ ဘဝထဲက အချစ်ဇာတ်လမ်းတွေမို့ အချစ်ဒဿန၊ ဘဝဒဿန များစွာကို ခံစားတွေးမြင်နိုင်ဦးမှာ သေချာပါတယ်။