နတ်ဘုရားကပ်ဘေး ဒိုင်ယာရီ စာစဉ်-၆

Zeus(တိမ်လင်းယုန်)

300 Kyats ကျပ်
စာမြည်း ✅ "အဲ့ဒါတွေမရှူနဲ့ လုံးဝမရှူနဲ့...အဆိပ်ရှိတယ် " သူမကစိတ်စွမ်းအားကောင်းပြီး သတိကြီးသည့် အမျိုးသမီးတစ်ယောက်ဖြစ်သောကြောင့် တိမ်လင်းယုန်ကသူမကို အော်ပြောလိုက်သည်နှင့်သတိချက်ချင်း ပြန်ဝင်လာခဲ့သည်။ သူမကဒေါသတကြီးဖြင့် သူ့ကိုအော်လိုက်သည်။ "ငါ့ကိုနောက်တစ်ခါထပ်ထိရင် မင်းလက်ကိုဖြတ်ပစ်မှာနော်" ရှင်းလင်းသည်မှာ ဘုရင်မသည်နောက်တစ်ကြိမ် ထိုအမှုန်များ၏သက်ရောက်မှုကိုခံရလိမ့်မည်မဟုတ်တော့ပေ။ တိမ်လင်းယုန်က စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီးသူ၏လက်ကိုဖယ်လိုက်သည်။ ကြည့်ရသည်မှာ မှိုများမှလာသည့်အမှုန်များ၏ ဆိုးကျိုးကို လျင်မြန်စွာ ပြန်လည်တိုက်ထုတ်နိုင်ပုံရသည်။ သို့သော်လည်း ၎င်း၏ ဆိုးကျိုးများမှာတော့ ကျန်ရစ်နေသေးသည်။ တိမ်လင်းယုန်တစ်ယောက် သူ၏အရိုးများတစ်လျှောက် ပါးရွက်ဆိတ်အကောင်ရာနှင့်ချီသည် ဟိုဟိုသည်သည်သွားလာနေသည်ဟု ခံစားနေရသည်။ ထိုခံစားချက်သည် အလွန်တရာ စိတ်အနှောင့်အယှက်ပေးနိုင်သည်။ ကံကောင်းသည်မှာ သူနှင့်ဘုရင်မသည်ထိုအရာကိုအနည်းငယ်သာခံစားခဲ့ရသည်။ သိပ်ကံမကောင်းသည့် အခြားအဖွဲ့ဝင်များကတော့ ပိုမိုခံစားခဲ့ရပုံရသည်။