သူသာလျှင် မူပိုင်ရှင်

Wine(Mg)

600 Kyats ကျပ်
အာကာစိုး၊ ဇွဲမာန်လင်းနဲ့ ဒါဒါတို့က စတိတ်ကျောင်းသား ဘဝကတည်းက ခင်လာကြတာ။ အာကာစိုးကို ဒါဒါက ကိုကိုဆိုပြီး တိတ်တခိုးသဘောကျနေမိတာ။ ဇွဲနဲ့ ဒါဒါကတော့ ပြောမနာဆိုမနာ သူငယ်ချင်းတွေပေါ့။ ဒါဒါ သတိမထားမိတာက ဇွဲက ကျောင်းမှာ နာမည်ကြီးဆိုပေမဲ့ သူကလွဲပြီး ဘယ်မိန်းကလေးကိုမှ အနားအကပ်မခံတာပါပဲ။ ဒါဒါ ကိုတစ်ဖက်လှည့်နဲ့ ဂရုစိုက်တတ်သလို၊ ဒါဒါအတွက် အမြဲအဆင်သင့်ရှိနေတတ်တယ်။ ဒီလိုပဲ အာကာစိုးကလည်း ဒါဒါကို တော်တော်ဂရုစိုက်တယ်။ ဒါဒါ က အာကာစိုးနားရှိနေရင် ဇွဲအလိုမကျသလို၊ ဇွဲ အနားရှိနေရင် အာကာစိုးက အလိုမကျတတ်ပါဘူး။ ဇွဲကို တစ်ဖက်သတ်ကြိုက်ပြီး ဒါဒါကို အသုံးချဖို့ ကြိုးစားသူကတော့ နဒီမွန်းဆိုတဲ့ကောင်မလေးပါ။ ဒီဝတ္ထုထဲမှာ သူတို့တွေရဲ့ ယှက်နွယ်မှုတွေအပြင် အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေ အများကြီးပါဝင်ပါသေးတယ်။ စတိတ်ကျောင်းသားဘဝကို ပြန်လွမ်းမိအောင် ဆွဲဆောင်နိုင်တဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပါပဲ။