အဆောင်သခင် သိုင်းဘုရင် (စာစဉ်-၁၀)

Win Min Khant

500 Kyats ကျပ်
လင်းတုန်က ဒုတိယအလွှာကို သွားရန် အလောတကြီး မလုပ်ပေ။ သူ၏မျက်လုံးကို မှိတ်ကာ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းတွေကို ခံစားကြည့်လိုက်၏။ ဤလှိုင်းတွေက စိတ်ဝိညာဉ် စွမ်းအားတစ်မျိုးဖြစ်ပြီး သန့်စင် ပေးနိုင်တဲ့ အစွမ်းရှိသည်။ ဤလှိုင်းများက သင်္ကတေမျှော်စင် တစ်ခုလုံး နေရာမလပ် ရှိနေပေသည်။ ထိုကြောင့် လူတိုင်း ထိုစိတ်ဝိညာဉ် လှိုင်းများ၏ ဖိအားကို ခံစားရပေသည်။ လင်းတုန်က ထိုလှိုင်းများကို သူ့ခန္ဓာကိုယ်နှင့် ထိတွေ့စေလိုက်၏။ ထိုနောက် ဤလှိုင်းများက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သွားပြီး နိဝမ်နယ်မြေထဲက ဖြတ်သွားကာ သူ၏ ဝိညာဉ် ကြမ္မာသင်္က࿿တေများ ဆီသို့ ဝင်သွားတာ တွေ့လိုက်ရ၏။ ဤလှိုင်းများက လင်းတုန်၏ ဝိညာဉ်ကြမ္မာသင်္ကေတနှစ်ခုကို ထိတွေ့မိသောအခါ ဝိညာဉ်ကြမ္မာအင်းများက တောက်ပလာ၏။ ဤဝိညာဉ် သင်္ကေတ အတွင်းတွင်ရှိသော မသန့်စင်မှု အချို့က သန့်စင်ခံလိုက်ရသလို လင်းတုန် ခံစားလိုက်ရ၏။ ပိုသန်မာလာတယ်လို့ မခံစားရသော်လည်း သူ၏ စိတ်ဝိညာဉ် ကြမ္မာသင်္ကေတက ပိုခိုင်မြဲလာတာကို ခံစားမိလိုက်၏။ “ဒါက သင်္ကေတမျှော်စင်ရဲ့ သန့်စင်စေတဲ့ အစွမ်းလား။ အတော် ဆန်းကြယ်တာပဲ” လင်းတုန် အံ့သြစွာဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ ဒီအဆင့်ရဲ့ သန့်စင်နိုင်စွမ်းက အတော် အားပျော့တယ်။ အကျိုးသိပ်မရှိဘူး” ဤအတွေး ခေါင်းထဲ ဝင်လာသောအခါ လင်းတုန်က ဒုတိယအလွှာသို့ သွားသော လမ်းဆီ ဦးတည်သွားလိုက်၏။
Win Min Khant ရေးသားသော စာအုပ်များ
  • အဆောင်သခင် သိုင်းဘုရင် (စာစဉ်-၁၅)
    500 Ks
  • အဆောင်သခင် သိုင်းဘုရင် (စာစဉ်-၂၄)
    500 Ks
  • အဆောင်သခင် သိုင်းဘုရင် (စာစဉ်-၂၅)
    500 Ks
  • အဆောင်သခင် သိုင်းဘုရင် (စာစဉ်-၁၈)
    500 Ks
  • အဆောင်သခင် သိုင်းဘုရင် (စာစဉ်-၂၀)
    500 Ks
  • အဆောင်သခင် သိုင်းဘုရင် (စာစဉ်-၃၀)
    500 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • နတ်ဘုရားမုခ်ဝ (စာစဉ်-၂၂)
    500 Ks
  • ဂန္ထဝင် ဂိုဏ်းချုပ် (စာစဉ်-၁)
    Free
  • နဂါးမင်းသားရဲ့ ကံကြမ္မာ (စာစဉ်-၆)
    500 Ks
  • အသန်မာဆုံးသော အပယ်ခံသား (စာစဉ်-၁၅)
    500 Ks
  • သိုင်းနတ်ဘုရား အသူရာ (စာစဉ်-၃၅)
    400 Ks
  • အမှောင်ထဲက မင်းသား
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ