နတ်ဘုရားဖေဖေ (စာစဉ်-၁)

Tae Ra

အခမဲ့
စာညွှန်း။ ။ ကမ္ဘာမြေပေါ်က သာမန်လူသား တစ်ယောက် ဖြစ်တဲ့ ထန်းလုံကို အင်မော်တယ် တစ်ယောက်က စွမ်းအင် ကျင့်ကြံခြင်း ကမ္ဘာကို ခေါ်ဆောင် သွားခဲ့ပါတယ်။ ထန်းလုံဟာ သူ့ရဲ့ အံမခန်း စွမ်းရည်တွေကို ပြသနိုင်ခဲ့ပြီးတော့ အင်မော်တယ် ကမ္ဘာမှာ ဧကရာဇ် ၅ ပါးထဲက တစ်ပါး ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ကောင်းကင်ဘုံ ကိုးအဆင့်ရဲ့ မိုးကြိုး ထိမှန်ခံခဲ့ရပြီး သူ့ဘဝ ပျက်စီး သွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကံတရားက ကမ္ဘာမြေနဲ့ ရေစက် မကုန်ခဲ့သေးဘူးလေ။ သူဟာ ချင်းဟောင်တုံလို့ ခေါ်တဲ့ ကမ္ဘာမြေက လူသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည် မွေးဖွား လာခဲ့ပါတယ်။ သူ့ရဲ့ ဘဝဟောင်းက အံမခန်း ဆေးပညာ စွမ်းရည်တွေနဲ့ တရုတ်တိုင်းရင်းဆေး ပညာ လောကမှာ နတ်ဘုရား ဆရာဝန် တစ်ယောက်လို ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူစွမ်းအင် ကျင့်ကြံခြင်း ကမ္ဘာကို မသွားခင်က ရခဲ့တဲ့ သမီးလေးနဲ့ ပြန်ဆုံတယ်။ “သမီးရဲ့မေမေလား နတ်သမီးလေးလို ချောတာပေါ့ဗျာ.... သမီးလေးကလည်း လိမ္မာသလား မမေးနဲ့ သူ့ကို မေမေတွေ အများကြီး ရှာပေးပါတဲ့.... အို .... ဖေဖေ့ သမီးလေးရယ်”