စစ်သည်တော်၏သစ္စာ (စာစဉ်-၁)
Si Thu
အခမဲ့
ဆုမိုဟာ သူ့မျိုးနွယ်စုရဲ့ ဂုဏ်ယူစရာ လူတစ်ယောက်အဖြစ်ကနေ မိနစ်ပိုင်းအတွင်းမှာပဲ ရယ်စရာတစ်ခုအဖြစ် အဆုံးသတ်သွားခဲ့လေသည်။ ကမ္ဘာကြီးရဲ့ ကြေးစားစစ်သည်တို့ရဲ့ ဘုရင်အဖြစ်ကနေ တစ်ခြားကမ္ဘာတစ်ခုရဲ့ ကောင်လေးတစ်ယောက်၏ ခန္ဓာကိုယ်မှာ ပြန်လည်မွေးလာတဲ့အခါ သူ့အရင်ဘဝက စွမ်းရည်များကို အသုံးချပြီး ပြိုင်ဘက်အားလုံးရဲ့ ထိပ်မှာရပ်တည်ရပေမည်။ မည်သိုပင်ဖြစ်စေကာမူ အရင်ဘဝရဲ့ ကျင့်ကြံမှုကို ရောက်ဖို့ အလှမ်းဝေးကွာလှပေသည်။ နောက်ထပ်ခြေလှမ်းက ယခု သိုင်းပညာကမ္ဘာထဲ၌ သိုင်းဝိညာဉ် နိုးထဖို့ပဲဖြစ်သည်။ သိုင်းဝိညာဉ် နိုးထခြင်းပွဲတော်တွင် အနိမ့်ဆုံးအဆင့် သိုင်းဝိညာဉ် နိုးထနိုင်ခဲ့ခြင်းက ဆုမို အတွက်ဘေးဒုက္ခတစ်ခု ဖြစ်လာခဲ့သည်။ ဒီလို အလားအလာသည် ဆိုးသည်ဆိုတာထက် အသုံးမဝင်သော သိုင်းဝိဥာဉ်အဖြစ် သတ်မှတ်ခဲ့ကြပေသည်။ ကလန်အတွက် အရှက်ရစရာ ဖြစ်ပွားပြီးနောက် ဆုမိုသည် သူ၏ သိုင်းဝိညာဉ်မှ အဆင့်တက်ဖို့ လွယ်ကူသော ပြိုင်ဘက်ကင်းစွမ်းရည်ကို တွေ့ရှိခဲ့လေသည်။ ထိုပြိုဘက်ကင်းသိုင်ဝိညာဉ်ဖြင့် မိုးကောင်းကင်အား တုန်လှုပ်စေမည်။ ဆုမို၏ အသက်နှင့် ထပ်တူ ချစ်ရသော ချစ်သူကို တွေ့ဆုံခဲ့ပြီး မကြာမီ အချိန်အတွင်းမှာပဲ သူမကို ယခုကမ္ဘာ၏အင်အားကြီး အဖွဲ့အစည်းတစ်ခုမှ ယူဆောင်ခြင်းခံရသော အခါ …