ပြိုင်ဘက်ကင်းတာအိုသခင် စာစဉ်-၉

Shwe paji(လုယှီ)

အခမဲ့
စာမြည်း ✅"မင်း ရူးနေလား... အပြင်မှာ အဲ့လောက်ထိ သရဲတစ္ဆေတွေပေါများနေတာ... မင်း သေကြောင်းကြံချင်နေတာလား" လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်သည်။ "အဲဒီ နတ်ဆိုးစိတ်ဝိညာဉ်တွေက ကြောက်ဖို့ကောင်းတဲ့ဟာတွေ မဟုတ်သေးဘူး... ဒါပေမဲ့ တကယ်လို့ ဟိုဘုန်းကြီးရောက်လာခဲ့ရင် ငါတို့အားလုံးသေကုန်မှာကို စိုးရိမ်မိတယ်" လုယွီ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ယခုနေရမှ လူများအားလုံး သူပြောဆိုသည်များအား ကြားနေရသည်။ လုံရွှင်းက လှောင်ပြောင်သရော်လိုက်သည်။ "ပေါက်ကရတွေ... တကယ်လို့ မင်းကြောက်နေတယ်ဆိုရင် မြန်မြန်ထွက်သွားပြီး သရဲတစ္ဆေတွေကို မင်းကိုယ်မင်း အစာအဖြစ်သွားကျွေးလေ" တခြားကျင့်ကြံသူများက မည်သည့်စကားမျှမဆိုကြသော်လည်း သူတို့က လုယွီသည် ရှီထျန်းအဆင့်သာရှိကြောင်း သိရှိထားပြီးဖြစ်ကြသည်။