ပြိုင်ဘက်ကင်းတာအိုသခင် စာစဉ်-၁၂

Shwe paji(လုယှီ)

အခမဲ့
စာမြည်း ✅"မင်းတို့ကောင်တွေ ဘာလို့ကြောက်နေကြတာလဲ။ သူက ကလေးသာသာရှိသေးတာ။ မင်းတို့က ဒီလောက်တောင်ကြောက်နေကြတာလား။ မင်းတို့အားနည်းချက်က အဲဒါပဲ" စားပွဲထိုးတစ်ယောက်က အော်ဟစ်လိုက်လေ၏။ ထိုစားပွဲထိုးက ယုတ်မာကောက်ကျစ်ပုံဖြင့် ရယ်မောရင်း လုယွီအားကြည့်ရှုလိုက်သည်။ "မင်းရဲ့ညီမက ငါတို့ဆိုင်က ပစ္စည်းကိုပျက်စီးစေခဲ့တယ်။ ဒါ့ပြင် ငါရဲ့အစ်ကို ကိုလဲ ဒဏ်ရာရစေတယ်။ မင်း ငါတို့ကို လျော်ကြေးပေးသင့်တယ် မထင်ဘူးလား။ မင်းမှာရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းအကုန်လုံးကို မြန်မြန်ထုတ်ပေးစမ်း။ ဒီလိုမှမဟုတ်ရင် မင်းအဖေ ငါ့ကို ရိုင်းပျတယ်ဆိုပြီး အပြစ်မတင်နဲ့" လုယွီက ထိုသူကို ခက်ထန်တင်းမာစွာဖြင့် ကြည့်ရှုပြီး မေးမြန်းလိုက်သည်။ "သူ့ကိုရိုက်တာ မင်းလား" စားပွဲထိုးသည် လုယွီ၏အကြည့်မှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသော်လည်း သူကအားတင်းပြီးပြောလိုက်လေ၏။