ပြိုင်ဘက်ကင်းတာအိုသခင် စာစဉ်-၁၃

Shwe paji(လုယှီ)

အခမဲ့
စာမြည်း ✅"အနက်ရောင်အသူရာခန်းမက မှော်ရတနာပစ္စည်းတွေမှာ ရှန်းလင်းလုံက တံဆိပ်ခတ်နှိပ်ထားခဲ့တယ်။ တကယ်လို့ ငါက အဲဒါတွေကို မဆင်မခြင်သွားယူမိရင် သူမကို သတိပေးလိုက်သလိုဖြစ်မှာ ငါစိုးရိမ်မိတယ်" "ရှန်းလင်းလုံ... အတိတ်မှာတုန်းက ငါရဲ့စိတ်ဝိညာဉ်ပြန့်ကျဲခဲ့ရတာတောင် သူမက သတိကြီးကြီးထားပြီး စောင့်ကြည့်နေတုန်းပဲ... ဘယ်လောက်တောင် ကောင်းတဲ့ စီစဉ်မှုလဲ" လုယွီ၏မျက်လုံးများတွင် အေးစက်တင်းမာမှုများ ထင်ဟပ်လာပြီးနောက် သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ "ဒါပေမဲ့ အခုလက်ရှိအချိန်မှာ ငါက ကမ္ဘာငယ်လေးတစ်ခုကိုပိုင်ဆိုင်ထားတယ်။ ဒါကြောင့် စိတ်ဝိညာဉ်ရတနာပစ္စည်းတွေနဲ့ ပတ်သတ်ပြီး တွေးတောနေစရာမလိုဘူး" ထိုသို့ စဉ်းစားပြီးသည်နှင့် လုယွီက ချက်ချင်းပင် မတ်တတ်ထရပ်၍ တံခါးကိုတွန်းဖွင့်လိုက်သည်။