ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ် စာစဉ်-၃

S.M (ဖန့်ချီ)

အခမဲ့
စာမြည်း ✅"လူတိုင်းက ငါ့ဆိုင်ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာပဲ ... " `သူက ရူးများရူးနေတာလား ...၊ သူက ဘာကြောင့် သလင်းကျောက်တွေကို မယူတာလဲ ...၊ ကစားသူတစ်ယောက် အနေနဲ့ ရက်ပေါင်းများစွာ ကစားမှ သလင်းကျောက် ၂၀ ပဲလေ၊ သူက တကယ်ကြီးကို အဲဒါကို မလိုချင်တာလား ... ´ "ဒါဆို ... ကျွန်မတို့ ရှင့်ကို ဘယ်လောက်ပေးသင့်တယ်လို့ ရှင်ထင်လဲ ... " နလန်မင်ရွယ်က မေးလိုက်သည်။ သူမ၏လေသံမှာ အေးစက်နေပြီး စိတ်မရှည်မှုများ ပါနေပေသည်။ သူမ၏ စိတ်အခြေအနေက ဖန့်ချီနှင့် ညှိနှိုင်းရန်ပင် စိတ်မရှည်တော့ချေ။ "မူရင်းဈေးထက် အဆထောင်ချီပြီးတော့လား၊ ဒါမှမဟုတ် အဆသောင်းချီပြီးလား " ဖန့်ချီရဲ့ အမူအရာကတော့ တည်ငြိမ်နေ၏။ "မင်း ... ငါ့ကို ဘယ်လောက်ပေးမယ် ဆိုတာက ပြဿနာမဟုတ်ဘူး ၊ ပြီးတော့ စည်းမျဉ်းတွေက စည်းမျဉ်းတွေပဲ။ ပြီးတော့ ငါက ဘယ်သူ့အတွက်ကိုမှ မချိုးဖောက် ပေးနိုင်ဘူး"