The Strongest System စာစဉ်-၃၁

Mushi(လင်းဖန်)

200 Kyats ကျပ်
စာမြည်း ✅“သူက ငြိမ်းချမ်းခြင်းနယ်မြေရဲ့ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်နေရတာ ...” ဟွမ်ယန်က ဝင်ရောက် ဖြေဆိုပေးလိုက်ပါတော့သည်။ “ငြိမ်းချမ်းခြင်းနယ်မြေရဲ့ မိုးကြိုးကပ်ဆိုး ...” တိုင်ယွန်တစ်ယောက် အံ့သြတကြီး ရေရွတ် ကြည့်လိုက်မိပါတော့သည်။ “ဘာ ... ဒါ ... ဒါက ငြိမ်းချမ်းခြင်းနယ်မြေရဲ့ မိုးကြိုးကပ်ဘေးက ကြောက်မက်ဖွယ်ရာ ပါရမီရှင်တွေပဲ ရင်ဆိုင်ရတာ မဟုတ်လား ... သူ ... သူက ဖြစ်နိုင်ပါ့မလား ...” တိုင်ယွန်တစ်ယောက် လင်းဖန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး ဟွမ်ယန်အား မေးလိုက်ပါတော့သည်။ “သူက ... သူတော်စင်ချီ ဝဲကတော့ ... နှစ်ထောင်လောက် စုစည်းနိုင်ခဲ့တယ်လေ ... စီနီယာအစ်ကိုပဲ ဆက်ပြီး စဉ်းစားကြည့်ပါတော့ ...” ဟွမ်ယန်က စိတ်မရှည်စွာ ပြောလိုက်ပါတော့သည်။ ထိုစဉ် ... “အားလုံးပဲ ကြည့်ကြဦး ... ဝင်ပေါက်မှာ ရှေးခေတ်မျိုးနွယ်တွေ ...” ရုတ်တရက် အားလုံး၏အကြည့်က ရေမီးလျှို့ဝှက်မြေပြင်၏ ဝင်ပေါက်ဆီသို့ ရောက်ရှိသွားကြပါတော့သည်။ ထိုအချိန်မှာတော့ ရှေးခေတ်မျိုးနွယ်တို့၏ တပ်မဟာကြီးကို တွေ့လိုက်ရပါတော့သည်။