The Strongest System စာစဉ်-၁

Mushi(လင်းဖန်)

အခမဲ့
... "မင်းဘာလို့မအော်တာလဲ..''ထိုအချိန်မှာလင်းဖန်ကိုထိုးနှက်နေသူက လင်းဖန်မအော်တာကိုသတိထားမိလိုက်ပါတယ်။အရင်ကအသေအလဲအော်ဟစ်နေခဲ့တဲ့လင်းဖန်ဟာ ယခုတော့ ဘာမှမဖြစ်သလို ဂရုမစိုက်တဲ့ဟန်နဲ့ နေတာကိုကြည့်ပြီးတော့ ဒေါသစိတ်တွေ ပြည့်ကြပ်လာပါတယ်။ နတ်မိစ္ဆာဂိုဏ်းကကျောင်းသားများဟာ သူတို့အနေနဲ့ အားအနည်းငယ်စိုက်ပြီးထိုးရင်တောင်မှ လူသဲအိတ်တွေဟာ အသေအလဲအော်နေရမယ်ဆိုပြီး သူတို့ရဲ့ခွန်အားကိုယုံကြည်ထားကြတာပါ။ ဒါပေမဲ့အခုတော့ ထင်ထားသလိုမဟုတ်တဲ့အတွက် သူအလွန်ဒေါသထွက်နေပါပြီ။အဲ့ဒီအချိန်မှာ လင်းဖန်ဟာ သူ့အချိန်တွေကို ဒီလိုအကျိုးမဲ့မကုန်ဆုံးတော့ဘူးလို့ တွေးလိုက်ပါတယ်။ဒီလိုနဲ့ သူကိုထိုးနေတဲ့သူကို ကြည့်ပြီးတော့ ပြောလိုက်ပါတယ်။"မင်းဘာတွေလုပ်နေတာလဲ။ မင်းအခုလိုသရုပ်ဆောင်နေတာတွေကအရမ်းပျင်းဖို့ကောင်းတယ်..သိရဲ့လား၊မင်းထိုးတာတွေကလည်း အခြောက်တစ်ယောက်ကလာထိုးနေသလိုဘဲ..ထမင်းမစားရသေးဘူးလား။