Silver Wolf

Manie khin

အခမဲ့
မုတက မြောက်ပိုင်းမျိုးနွယ်စုရဲ့ မင်းသား။ ဒါပေမဲ့၊ သူက သူ့သရုပ်မှန်ကို ဖုံးကွယ်ထားတယ်။ ဒါတောင်မှ သူရဇ္ဇယတိုင်းနိုင်ငံက လုပ်ကြံသူတွေက သူ့ကို လိုက်လံသတ်ဖြတ်နေတုန်းပဲ။ တကယ် ဒီလိုဖြစ်ရတာက သူ့မွေးဖွားလာချိန်မှာ ရှိနေတဲ့နက္ခတ်ကြောင့်ပါ။ နက္ခတ်အရ ဘုန်းကံကြီးမားတာကြောင့်လည်း သူ့ကိုသုတ်သင်ချင်နေကြတာပေါ့။ မုတမှာ ထူးခြားတာတစ်ခုက သိပ်ကို ချောမောလှပနေတာပဲ။ မင်းသားဆိုပေမဲ့ နတ်သမီးတစ်ပါးလို့ ထင်ရအောင်ကို လှပလွန်းနေတာပါ ☺ (အက်ဒမင် ကျိတ်ကြွေနေတာ) တစ်နေ့မှာသူ့ကို လုပ်ကြံသူတွေက လိုက်သတ်နေတုန်း ဒဏ်ရာအကြီးအကျယ်ရခဲ့တယ်။ အဲဒီအချိန်မှာပဲ လူတစ်ယောက်က အမှတ်မထင်လာကယ်ခဲ့တယ်။ သူက အက္ခရတဲ့။ အက္ခရက မုတကို ကယ်ခဲ့ပေမယ့် အစအနောက်အရမ်းသန်တာကြောင့် သူတို့နှစ်ယောက်က မတည့်ကြပါဘူး။ ဒီလိုနဲ့ မုတက၊ သူ့နေရပ်ကို့ပြန်မယ့်အချိန်မှာ အက္ခရနေတဲ့နေရာကိုမေးတော့ သူဟာ မုတကိုလုပ်ကြံချင်တဲ့ မင်းကြီးရှိတဲ့နိုင်ငံ - သူရဇ္ဇယတိုင်းနိုင်ငံမှာ နေတာတဲ့။ ဒီတော့ အက္ခရက ဘယ်သူလဲ ? ဘာကြောင့် မုတကို ကယ်တာလဲ ? အဲဒီကစပြီး ဇာတ်လမ်းက ဇာတ်ရှိန်မြင့်တော့တာပဲ ! သူတို့နှစ်ယောက် ပြန်တွေ့ကြမလား ? ရင်ခုန်စရာ ကြေကွဲစရာတွေရော ဘယ်လောက်များမျများ ရှိနေမလဲ ? နန်းတွင်းအရှုပ်အထွေးတွေ ... မုတနဲ့ အက္ခရတို့ရဲ့ ရင်ခုန်သံတွေ ... ဝံပုလွေအဖြစ် ပြောင်းလဲနိုင်တဲ့လူတွေကိုပါ မြင်ရဦးမှာပါ။