နတ်ဆိုးတစ်ကောင်ရဲ့ ဒဏ္ဍာရီ (စာစဉ်-၁)

Jim(လုရှန်)

အခမဲ့
စာညွှန်း။ ။ နတ်ဆိုး၊ မကောင်းဆိုးဝါး၊ ဝိညာဉ်တွေနဲ့ သားရဲကြီးတွေ... ဒီသတ္တဝါတွေက သေမျိုးတွေရဲ့ လောကကို စိုးရိမ်ကြောက်လန့်မှုတွေ ကြားထဲ အားအင် ချိနဲ့စွာနဲ့ နစ်မြုပ်စေတဲ့ အရာတွေပေါ့... နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့ အားပြိုင်မှုတွေ အပြင် နေရာဒေသ အနှံ့အပြားမှာ မရေမတွက် နိုင်တဲ့ မကောင်းဆိုးဝါးတွေနဲ့ ပြည့်နှက် နေတယ်။ လုရှန်ဆိုတဲ့ ကောင်လေးဟာ ခေတ်သစ်ကမ္ဘာက ဖော်ရွေတတ်တဲ့ သာမန်ဝန်ထမ်းလေး တစ်ယောက်ပါ။ တစ်နေ့ကျ အမူးလွန်ပြီး အိပ်ပျော်သွားရာက နိုးထလာတဲ့ နောက်တစ်နေ့မှာတော့၊ ... နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ သဘာဝလွန် ကြမ်းတမ်းလှတဲ့ သားရဲကြီးတွေ အုပ်စိုးထားတဲ့ အန္တရာယ်တွေ အပြည့်နဲ့ ကမ္ဘာတစ်ခုထဲကို မမျှော်လင့်ပဲ ရောက်ရှိကာ ပိတ်မိနေပြီဆိုတာ သိရှိ လိုက်ရပါတယ်။ အန္တရာယ်တွေ အပြည့်နဲ့ ဒီကမ္ဘာမှာတော့ သာမန်လူသား သေမျိုးတွေဟာ ထိပ်လန့် ကြောက်ရွံ့မှုတွေနဲ့ အတူ အကူအညီ ကင်းမဲ့စွာနဲ့ အမှောင်ထုထဲမှာ နေထိုင်နေရတဲ့ အပြင် သဘာဝလွန်နေတဲ့ အရာတွေကို တိုက်ခိုက်ဖို့လည်း မဝံ့ရဲကြပါဘူး။ လုရှန်အတွက်ကတော့ သူအရင်ဘဝက ဖုန်းအတွက် အသုံးပြုဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့ဖူးတဲ့ ဂိမ်းတစ်ခုက သူနဲ့အတူ သူ့ဆီ ပါလာခဲ့တာကို အမှတ်တမဲ့နဲ့ တွေ့ရှိပြီးနောက် ထိုဂိမ်းကို အမီပြုပြီး ရှင်သန်ဖို့ တစ်ခုထဲ အတွက်နဲ့ အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်တော့ပဲ အသားကုန် ကြိုးစားအားထုတ် ပါတော့တယ်။ ဒီဂိမ်းကပဲ သူ့ရဲ့ ထူးခြားတဲ့ အဓိက စွမ်းရည်တစ်ခု ဖြစ်လာခဲ့ပြီး ထိုအရာကပဲ သူသင်ယူသမျှ အရာတိုင်းကို တစ်ဆင့်ပီးတစ်ဆင့် အဆင့်မြင့်လာအောင် လုပ်ဆောင် ပေးပါတယ်။ လုရှန်ရဲ့ ဇာတ်ကြောင်းကတော့ ဒီကနေ စတင်ခဲ့ပြီး စွမ်းအားရရှိဖို့ ကြိုးစားမှုတွေနဲ့ အတူ မကောင်းဆိုးဝါးတွေကို နင်းချေရင်း သေမျိုးတွေထက် ကျော်လွန်တဲ့ ဘဝကို ရရှိသွားနိုင်မလား ဆိုတာကတော့ ...။
Jim(လုရှန်) ရေးသားသော စာအုပ်များ
  • နတ်ဆိုးတစ်ကောင်ရဲ့ ဒဏ္ဍာရီ (စာစဉ်-၂)
    Free
  • နတ်ဆိုးတစ်ကောင်ရဲ့ ဒဏ္ဍာရီ (စာစဉ်-၉)
    Free
  • နတ်ဆိုးတစ်ကောင်ရဲ့ ဒဏ္ဍာရီ (စာစဉ်-၂၅)
    500 Ks
  • နတ်ဆိုးတစ်ကောင်ရဲ့ ဒဏ္ဍာရီ (စာစဉ်-၆)
    Free
  • နတ်ဆိုးတစ်ကောင်ရဲ့ ဒဏ္ဍာရီ (စာစဉ်-၂၂)
    500 Ks
  • နတ်ဆိုးတစ်ကောင်ရဲ့ ဒဏ္ဍာရီ (စာစဉ်-၁၆)
    500 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • အောင်မြတ်သာနှင့် လေးဘုံအပါယ်
    200 Ks
  • ချေ ချေ ချေ ...
    400 Ks
  • ကျွန်တော်ချစ်သော မိန်းကလေး
    300 Ks
  • ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား (စာစဉ်-၁၀၆)
    500 Ks
  • နေကိုးစင်း နတ်ဘုရင် (စာစဉ်-၇)
    300 Ks
  • လောကသုံးပါးသခင် (စာစဉ်-၇၁)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ