မပြောပြဖြစ်ခဲ့သော
Htut
500 Kyats ကျပ်
“လောကကြီးမှာ ကျွန်တော်တို့ လူငယ် အချို့က အမေသာ ချစ်တတ်တဲ့ မိခင်ဖြစ်တယ်ဆိုတာ မှတ်ယူထားကြတယ်။ ဟုတ်ပါတယ် အမေတွေက ကျွန်တော်တို့ကို ချစ်တာ။ ကိုးလလွယ် ဆယ်လဖွား ခဲ့ရတာမလို့ ကိုယ့်သား၊ သမီးကို အမေတွေ ချစ်တာ မှန်ပါတယ်။ ဒါပေမဲ့လည်း အဖေတွေကလည်း ကျွန်တော်တို့ကို အမေထက် ပိုပြီး ချစ်ပါတယ်။ အမေတွေ ချစ်သလိုမျိုး ထုတ်ဖော်မပြတာဘဲ ရှိပါတယ်။
အဖေဟာ ကျွန်တော်တို့ အတွက်တော့ သူရဲကောင်း တစ်ယောက်ပါ။ လူငယ်တချို့တွေက အဖေ့ကို မုန်းတတ်ကြတယ်။ အထူးသဖြင့် ကျွန်တော့်လိုမျိုး အဖေနဲ့ စိတ်သဘောထား မကိုက်ညီဘဲ စကားများတာတွေ ရှိကြတဲ့ လူငယ်တွေပေါ့လေ။ ပြောရရင် စကားများပေမယ့်လည်း လူငယ်ဖြစ်တဲ့ ကျွန်တော်တို့ကဘဲ နားလည်ပေးသင့်ပါတယ်။ ကျွန်တော့်လို အဖြစ်မျိုး ကြုံတွေ့ရမှာ စိုးရိမ်လို့ပါ။ နိဂုံးချုပ်ရရင် အဖေဟာ ကျွန်တော်တို့ရဲ့ ရှေ့ဆောင်လမ်းပြပါပဲ” (ဇေယျာ)
ဒီဝတ္ထုထဲမှာ အခန်း (၆) ခန်းပါဝင်ပြီး
အဖေနဲ့သား ဆက်ဆံရေးကို ဖတ်နေရင်း
ရင်ထဲမှာ ထိထိခိုက်ခိုက်ဖြစ်သွာအောင်၊
အဖေ့ကိုသတိရရင်း မျက်ရည်လည်လာအောင်
ပြောပြရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
အခန်းစဉ်ရဲ့ အဖွင့်တွေက စိတ်ဝင်စားဖို့ကောင်းလို့
အဲဒါလေးတွေကို သပ်သပ်စုပြီး ပြန်ဖော်ပြမယ်နော် !
အခန်း (၁)
လူတွေကလေ ရှိနေတုန်းက ပစ်ပယ် ထားတတ်ကြပြီး၊ မရှိတော့မှ တမ်းတ တတ်ကြတာလား။ ဒါဆို ထိုအစုထဲမှာ ကျွန်တော်လည်း တစ်ယောက် အပါအဝင် ဖြစ်ပေလိမ့်မည်။
အခန်း(၂)
နောင်တ ဆိုတာ နောင်ခါမှ ရတတ်တဲ့ အမျိုး မဟုတ်ပါလား။ ကျွန်တော့်ရဲ့ နောင်တဟာလည်း အတူတူပါရောလား။
အခန်း(၃)
ကျွန်တော် အဖေ လုပ်စေချင်တဲ့ customဆိုတာ လုပ်လိုက်ရင် ကောင်းသား။ ဒါပေမဲ့လည်း အချိန်တွေက နှောင်းခဲ့ပြီ။ ပြန်ပြင်လို့ မရတော့ပါလား။
အခန်း(၄)
အရင်က အမှတ်တရတွေ တော်တော်များများ ရှိခဲ့တာပဲ။ အများစုကတော့ အဖေနဲ့ဖြစ်နေတော့သည်။ အခုတော့ အဖေနဲ့ အမှတ်တရတွေ ဖန်တီးခွင့် မရှိတော့ဘူး။
အခန်း (၅)
ကျွန်တော်ဟာ သားမိုက် တစ်ယောက် ဖြစ်ခဲ့တာလား။
ပြန်ပြုပြင်လို့ ရသေးလား။
အခန်း (၆)
အိပ်မက်ထဲက အတိုင်း အဖေ့မှာ ပြောစရာ အများကြီး ရှိခဲ့သလို ကျွန်တော်လည်း အဖေ့ကို မပြောဖြစ်တဲ့ အရာတွေ အများကြီး ရှိခဲ့ပြီ။
ဒီအခန်းတွေအောက်မှာ ဘယ်လိုအဖြစ်အပျက်
ဇာတ်လမ်းတွေကို ဖတ်ရမလဲ ? လင့်ခ်ကိုနှိပ်ပြီး
ဒီနေ့ပဲ ဖတ်ရှု ခံစားကြည့်လိုက်ရအောင်နော် !
Htut ရေးသားသော စာအုပ်များ
-
အကယ်၍ (အပိုင်း-၁၆)
300 Ks
-
အကယ်၍ (အပိုင်း-၅)
300 Ks
-
အကယ်၍ (အပိုင်း-၆)
300 Ks
-
IF (အကယ်၍) Mini story
800 Ks
-
ချစ်ရသော (အပိုင်း-၃)
Free
-
အကယ်၍ (အပိုင်း-၁၉)
300 Ks
Prev
Next
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
-
ဒဿလို ချစ်သူ
800 Ks
-
နိဒါန်းမဟုတ်သော နိဒါန်း
600 Ks
-
Lovely My Little World (Season-2)
600 Ks
-
ဆူဒါနာ အင်ပါရီယာ (စာစဉ်-၄)
900 Ks
-
ခင်ပွန်းသည် ဝံပုလွေနှင့် မိန်းမလှ (စာစဉ်-၄၂)
500 Ks
-
အလိုလိုက်အကြိုက်ဆောင်ခြင်း ခံရသော သမီးပျို (စာစဉ်-၅၁)
500 Ks
Prev
Next