အချစ်လေပြည် တိုးဝင်လာခဲ့သော် (စာစဉ်-၅)

Goddess

အခမဲ့
စာမြည်း ✅ "ယဉ်ကျေးမှု မရှိလို့လည်း အခုလို လှည့်သွားတာပေါ့" "ဒီလိုလူမျိုးက အခြားတစ်ယောက်ရဲ့ အချစ်ခံထိုက်မယ်လို့ နင်တို့ ထင်လား" "အေးဟယ် ၊ သူ့လို လူမျိုးကို ဘယ်သူကများ ချစ်ပါ့မလဲ ၊ သူ့ယောက်ျားကလည်း သူ့ကို ရွံရှာနေမှာပဲ" "ရွံတာ မရွံတာက အရေးမကြီးဘူးဟ ၊ အရေးကြီးတာက ယောက်ျား တစ်ယောက်ကို အရှက်မရှိ သိက္ခာမရှိအောင် မြှူဆွယ်တတ်ဖို့ပဲ ခစ်ခစ်ခစ်" ချင်းကျီအိုက် လျစ်လျူရှု နေတာကြောင့် ထိုးနှက်သည့် စကားတို့က မခံနိုင်စရာ ကောင်းသည်အထိ ရောက်လာရလေပြီ။ "အဲဒီတစ်ယောက်က အိပ်ရာပေါ်မှာ ဆိုရင်ရော ကောင်းမယ်လို့ ထင်လား" သူတို့ထဲက တစ်ယောက်က မေးလိုက်ပြီး ပါးစပ်ကို လက်နဲ့အုပ်ကာ တခစ်ခစ် ရယ်နေသေးသည်။ ချင်းကျီအိုက်သည် သူတို့ပြောချင်တာတွေ ပြောပြီးသွားရင် ထွက်သွားလိမ့်မယ် ထင်ထားမိသော်လည်း အခုတော့ ထွက်သွားမည့် အရိပ်အယောင် လုံးဝမတွေ့ရပေ။ သူမလည်း အပြင်ဘက်ကို ကြည့်နေရာကနေ အတော်ကြာလာတော့ ဗိုက်ထဲက စူးခနဲ အောင့်တက်လာကြောင့် အနောက်ကို ပြန်လှည့်လိုက်တော့၏။ "လူယဉ်ကျေးတွေ ၊ ပညာတတ်တွေဆိုတဲ့ နင်တို့ကတော့ သူများအကြောင်းကို သွားပုပ်လေလွင့် ပြောထွက်နေကြတာ ဘယ်မှာလဲ ယဉ်ကျေးမှု" ချင်းကျီအိုက် နာကျင်မှုတို့က ထိုးတက်လာတာကြောင့် ဖြည်းဖြည်းချင်း တစ်ဖက်ပြန်လှည့်ကာ လက်ရန်းကို မှီထားလိုက်တော့သည်။
Goddess ရေးသားသော စာအုပ်များ
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၃၁)
    500 Ks
  • အချစ်လေပြည် တိုးဝင်လာခဲ့သော် (စာစဉ်-၁၃)
    500 Ks
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၃)
    Free
  • အချစ်လေပြည် တိုးဝင်လာခဲ့သော် (စာစဉ်-၁၇)
    500 Ks
  • အနက်ရောင် မျှော်စင် (စာစဉ်-၃)
    500 Ks
  • ချိုမြိန်သော ချစ်ဇနီးဆိုးလေး (အပိုင်း-၄၅) (စာမြည်း)
    Free
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • လောကသုံးပါးသခင် (စာစဉ်-၁၃)
    Free
  • ကမ္ဘာဆုံးတိုင် (စာစဉ်-၄)
    400 Ks
  • သုခကမ္ဘာက ရှီဟောင် (စာစဉ်-၄၇)
    400 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၅၂)
    1000 Ks
  • ငရဲမှ လာသောသူ (စာစဉ်-၁)
    Free
  • ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား (စာစဉ်-၉၀)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ