နတ်ဘုရားမုခ်ဝ (စာစဉ်-၁)
Enri Thaw
အခမဲ့
အလွန်ကို ထူးဆန်းပြီး နားလည်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ရှိတယ်။ ရေ မြေ တော တောင် သဘာဝတွေ သစ်ပင်ပန်းမန်တွေ…ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက ဖန်တီးမှုအားလုံး အရာအားလုံးဟာ စွမ်းအင်အရင်းအမြစ်တွေ ဖြစ်ကြတယ်။ ဒီကမ္ဘာမှာတော့ သူ့ရဲ့အရင်မူလကမ္ဘာနဲ့ အကုန်နီးပါးတူပေသော်ငြား ထပ်တိုး ဖြည့်စွက်ချက်တစ်ခုရှိနေတယ်။ ဒါကတော့ တာအို နိယာမပဲဖြစ်တယ်။
ဖန်ကျန်းရှီ တစ်ယောက်ကတော့ အတော်လေး ဝေခွဲမရဖြစ်နေတယ်။ စာအုပ်တွေကိုဖတ်လိုက်တာနဲ့ အစွမ်းတွေရနိုင်တယ်လား? ငါ တာအို နိယာမ ကိုအရင်ဖတ်ရမလား? ဒါမှမဟုတ် ကိုယ်ပျောက်ပညာစာအုပ်ကို အရင်ဖတ်သင့်လား? ကွန်ဖြူးရှပ်ရဲ့စာအုပ်ပဲဖတ်ရမလား? ရွှေကြာပန်းဖတ်ရမလာ?
သူ့ရဲ့ တာအိုနိယာမအခြေခံနဲ့ ဖန်ကျန်းရှီ တစ်ယောက် တာအို မာစတာ ဖြစ်လာနိုင်ပါ့မလား? နတ်ဘုရား မုခ်ဝကိုကောဖွင့်နိုင်ပါ့မလား ?