ဆန်းကြယ်သော ကံကြမ္မာ စာစဉ်-၂

Anzy(နင်းချန်း)

အခမဲ့
စာမြည်း ✅"မင်းငါ့ကို အခွင့်အရေး တစ်ခုပေးပါလား၊ ဒီနေရာက လွတ်မြောက်အောင် ငါ့ကို ကူညီနိုင်မလား၊ လူတစ်ယောက် ငါ့ကို သတ်ဖို့ ကြိုးစားနေလို့ပါ" "ဘာလို့လဲ" သီလရှင်ငယ်လေး နင်းချန်းရဲ့ ပြဿနာကို စိုးရိမ်တကြီးနဲ့ စပ်စုလိုက်ပါတယ်။ ဘာလို့လဲ မေးနေရမဲ့ အချိန်မဟုတ်ဘူးလို့ နင်းချန်း ပြောချင်ပေမဲ့ သူ ပတ်ဝန်းကျင်ကို ပိုသတိထားလာမိပြီး အားနည်းနေတဲ့ အသံနဲ့ ရိုးရှင်းစွာ ပြောလိုက်ပါတယ်။ "ချီစုဆောင်းမှု နောက်ဆုံးအဆင့်ရှိတဲ့ ဓားပြတွေက သီလရှင်ငယ်လေးတစ်ယောက်ကို သူတို့ရဲ့ ကိုယ်လုပ်တော် ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတာ ငါမြင်ခဲ့တယ်၊ ငါ သီလရှင်လေးကို ကယ်လိုက်နိုင်ပေမဲ့ နောက်ကျတော့ ဓားပြတွေအများကြီးရောက်လာပြီး ငါ့ကို သတ်ဖို့ လုပ်ကြတယ်လေ၊ မကြာခင်ပဲ သူတို့ ..." "ကိုယ်လုပ်တော်က ဘာလဲ" "လက်ထပ်ပြီးသား လူတစ်ယောက်ကို လက်ထပ်တဲ့ မိန်းမတစ်ယောက်ပေါ့"