Mary

Anna Lynn

1000 Kyats ကျပ်
နာမည်ကြီး လူငယ်စာရေးဆရာမ Anna Lynn ရဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ ဝတ္ထုအသစ် လာပြီဗျို့ ! Fantasy ဆန်တဲ့ ဇာတ်လမ်းနဲ့အတူ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ စုန်းအကြောင်း၊ မကောင်းဆိုးဝါးအကြောင်း၊ နတ်ဆိုးအကြောင်းတွေက တော်တော်ကို ဖတ်လို့ကောင်းတယ်။ ဖတ်ရတာလည်း အရမ်းပေါ့ပါးတယ်။ ဒီစာအုပ်ကို စဖတ်မိလိုက်တာနဲ့ စာအုပ်အဆုံးထိ အလိုလို ဖတ်မိသွားတာပဲ။ ကြားထဲမှာ နားတောင်မနားမိဘူး။ စာအုပ်ထဲက အဓိက ဇာတ်ကောင် 'မေရီ' က အရမ်းကိုလှတဲ့ စုန်းမလေးတစ်ယောက်ပါ။ သူကကောင်းတဲ့ စုန်းမလည်း မဟုတ်ဘူး။ မကောင်းတဲ့ စုန်းမလည်း မဟုတ်ဘူး။ သူနေချင်သလို စိတ်ထဲရှိတဲ့အတိုင်း နေတတ်တဲ့ စုန်းမလေး။ ကျောက်သံပတ္တမြား ငွေဒင်္ဂါးလို အရောင်လက်လက်ကလေးတွေကို သဘောကျတဲ့ စုန်းမလေး။ အရမ်းစွမ်းတယ်။ တစ်နေ့ နတ်ဆိုးနဲ့ လူသားနှစ်ယောက် ချစ်ကြိုက်လို့ရလာတဲ့ ကလေးကို သူမရရအောင် မွေးပေးခဲ့တယ်။ အဲဒီ လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်း ကလေးငယ်လေးက သူ့ရဲ့ကျေးကျွန်အဖြစ် ရောက်လာပြီးနောက်ပိုင်း ဘယ်လောက်အထိ စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်ရှိန်မြင့်တဲ့ ဇာတ်လမ်းမျိုး ဖြစ်လာမလဲ ? Anna Lynn က ဒီတစ်ခါမှာရော reader တွေကို ဘယ်လို ဖမ်းစားထားဦးမလဲ ? ဖတ်ကြည့်လိုက်ရအောင်လားနော် !