System Created (Chapter-9)

နှင်းသွေးသဒ္ဒါ

400 Kyats ကျပ်
နောက်ဆုံးတော့ စောင့်မျှော်နေခဲ့ရတဲ့ လဲ့ကျီနဲ့ စုန်ဟုန်းဟိုင်တို့ ပြန်တွေ့ခန်းကို ရောက်ပါပြီ။ အစတုန်းကတော့ ဟုန်းဟိုင်က ဟန်ဆောင်နေသေးတယ်။ ဒါပေမဲ့ သူဟာ လဲ့ကျီရဲ့ ဉာဏ်ကောင်းမှုကြီးကို လျှော့တွက်မိသွားတယ်။ သူဘယ်လိုပဲ အသံတုအစီအရင်တွေသုံး၊ ရုပ်ဖျက်ပေမဲ့ လဲ့ကျီက ဟုန်းဟိုင်ရဲ့ နောက်ကျောပုံစံကစလို့ ကိုယ်သင်းရနံ့အဆုံး မှတ်မိနေလေရဲ့။ နောက်တော့ စုန်ဟုန်းဟိုင် ဝန်ခံလိုက်ရပါတော့တယ်။ သူကိုယ်တိုင်ကလည်း လဲ့ကျီခန္ဓာကိုယ်ပေါ်က နတ်ဆိုးသားရဲသွေး နှိုးထမှုအခြေအနေကို စိုးရိမ်နေတာကြောင့်လည်းပါတာပေါ့။ လဲ့ကျီကတော့ အရမ်းပျော်နေတယ်။ ချစ်ရသူကို ပြန်တွေ့ခွင့်ရပြီဖြစ်သလို မထင်မှတ်ထားတဲ့ မိသားစုလေးလည်း ရလိုက်တယ်လေ။ အခုမှအသစ်ပြန်စလာတဲ့ လဲ့ကျီတို့ရဲ့အချစ်ခရီးလမ်းဟာ အဆင်ပြေချောမွေ့ပါ့မလားဆိုတာကိုတော့ စာအုပ်ထဲမှာ ဖတ်ရှုလိုက်ကြပါဦး။