System Created (Chapter-8)

နှင်းသွေးသဒ္ဒါ

400 Kyats ကျပ်
ဒီအပိုင်းမှာတော့ လဲ့ကျီဟာ အရမ်းကို နောင်တရနေတယ်။ စုန်ဟုန်းဟိုင်ရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို နေ့တိုင်း သိဒ္ဓိစွမ်းအင်တွေ လွှဲပေးရင်း မပုပ်သိုးအောင်လုပ်ပြီး သူသွားတဲ့နေရာတိုင်းကို ခေါ်သွားတယ်။ ချီစန်းကို ဂိုဏ်းချုပ်နေရာ လွှဲပေးပြီး အချိန်ရှိသရွေ့ ဝိညာဉ်လောကထဲသွားရင်း စုန်ဟုန်းဟိုင်ရဲ့ ဝိညာဉ်ကိုရှာဖွေနေလေရဲ့။ လဲ့ကျီလိုပဲ ရေပြာတောင်ဂိုဏ်းမှာလည်း ဂိုဏ်းချုပ်လန်က စုန်ဟုန်းဟိုင်ရဲ့ ဝိညာဉ်ကို ကူရှာပေးနေတယ်။ ဒါပေမဲ့ ရှာမတွေ့နိုင်ခဲ့ပါဘူး။ စုန်ဟုန်းဟိုင် မေနန်းဟွားဘဝက လဲ့ကျီနဲ့အတူ ကယ်တင်ပေးခဲ့တဲ့ ရှောင်ဟူးလီကလည်း အခုဆို ကျင့်ကြံခြင်းအဆင့်တွေရပြီး လူပုံစံတောင်ပြောင်းလို့ရနေပြီ။ နတ်မြေခွေးဖြစ်လို့ ရှောင်ဟူးလီရဲ့ အမြုတေကို ကျင့်ကြံသူအများစုက လိုချင်နေကြတာကြောင့် ဂိုဏ်းချုပ်လန်ဟာ အချိန်ပြည့် စိတ်ပူနေရတယ်တဲ့။ ကြည့်ရတာ ဒီအပိုင်းသစ်မှာ အတွဲသစ်ပေါ်လာတော့မယ့် ပုံပဲဗျို့။ စိတ်ဝင်စားသွားပြီ မဟုတ်လား...? အခုပဲ ဖတ်ကြည့်လိုက်တော့နော်...။