အင်းတော်ရှင်ရဲခေါင်နှင့် နတ်ကဝေသခင်မ

ရှိုင်းဝေလင်း(ပုတီးကုန်း)

200 Kyats ကျပ်
အင်းတော်ရှင်ရဲခေါင်နဲ့ တပည့်ကျော် မဟာသိဒ္ဓိတို့ဟာ 'ဂမုန်းတစ်ထောင်' ကို သီရိရုက္ခ ဆေးတောင်တော်ကို ပြန်လည်ပို့ဆောင်နိုင်ဖို့အတွက် မြေလျှောက်ဝိဇ္ဇာအဖိုးအိုဆီ ပေးအပ်ပြီးတဲ့နောက်မှာ မြေလျှောက်ဝိဇ္ဇာအဖိုးအိုရဲ့ ထပ်မံတာဝန်ပေးချက်အရ နတ်ကဝေသခင်မကို နှိမ်နင်းဖို့ ရိုးမတောရဲ့မြောက်ဘက်မှာရှိတဲ့ ရေဆင်ချောင်းရွာဘက် ခရီးဆက်ခဲ့ကြပါတယ်။ ရွာထိပ်ရောက်တဲ့အခါ ဆရာတပည့်နှစ်ယောက် အကဲခတ်ကြည့်တော့ ရွာထိပ်က ညောင်ပင်ပေါ်မှာ ဠင်းတကြီးသုံးကောင် ဝဲပျံနေတာကို တွေ့ကြရတယ်။ ဒါဟာ မကောင်းတဲ့ နိမိတ်မှန်း ရဲခေါင်က ချက်ချင်း ရိပ်မိသွားခဲ့ပါတယ်။ ရွာထဲ ချက်ချင်းဝင်ဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ အနီးဝန်းကျင်ကို လေ့လာတဲ့အခါ နတ်ကွန်းကြီးတစ်ခုကို တွေ့တယ်။ နတ်ကွန်းမှာ လူတစ်ယောက်ကို ကြိုးတုပ်ပြီး ချုပ်နှောင်ထားတဲ့ အပြင်၊ အနီးအနားမှာလည်း ဠင်းတတွေ ဝဲနေတာကို ထပ်မြင်ရပြန်တယ်။ ဒီရွာက ဘယ်လိုရွာမျိုးလဲ၊ ဒီရွာမှာ ဘယ်လိုမကောင်းတဲ့နိမိတ်တွေ ရှိနေသလဲ၊ အင်းတော်ရှင်ရဲခေါင်တစ်ယောက် ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ …
ရှိုင်းဝေလင်း(ပုတီးကုန်း) ရေးသားသော စာအုပ်များ
  • အင်းတော်ရှင်ရဲခေါင်နှင့် ရတနာကျောက်စီဓား
    200 Ks
  • အင်းတော်ရှင်ရဲခေါင်နှင့် ရွာပျောက်ကြီး ရှာပုံတော်
    200 Ks
  • အင်းတော်ရှင်ရဲခေါင်နှင့် နဂါးနက်ပေစာ
    200 Ks
  • အင်းတော်ရှင်ရဲခေါင်နှင့် နတ်ကဝေသခင်မ
    200 Ks
  • အင်းတော်ရှင်ရဲခေါင်နှင့် ကျောက်လက်ဝါးဘီလူး
    200 Ks
  • အင်းတော်ရှင်ရဲခေါင်နှင့် ကျောက်စိမ်းဆင်းတုရှာပုံတော်
    200 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၅၃) (စာမြည်း)
    Free
  • နတ်ဘုရားတို့၏ ဘုရင် (စာစဉ်-၁၄)
    Free
  • ပညာရှင် ဧကရာဇ် (စာစဉ်-၁၄)
    400 Ks
  • အဆောင်သခင် သိုင်းဘုရင် (စာစဉ်-၃၁)
    500 Ks
  • အစိမ်းရောင် စာချုပ်
    500 Ks
  • ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ်-၂၁)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ