ဟယ်ရီပေါ်တာနှင့် မှော်ကျောက်တုံး (အပိုင်း-၁)
ကြည်ကြည်မာ
300 Kyats ကျပ်
ဟယ်ရီပေါ်တာလို့ ပြောလိုက်တာနဲ့ မသိသူမရှိသလောက်ပါပဲ။ ကမ္ဘာကျော် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားထားတဲ့ နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ်ဇာတ်လမ်းလေ။ အခု ဆရာမကြည်ကြည်မာ က 'ဟယ်ရီပေါ်တာနှင့် မှော်ကျောက်တုံး' ဆိုပြီး ဘာသာပြန်ထားတဲ့ 'Harry Potter and the Philosopher's Stone' ဝတ္ထုဟာ ဂျေ ကေ ရိုးလင်း ရဲ့ ပွဲဦးထွက်ဝတ္ထုတစ်အုပ်ဖြစ်ပြီးတော့ စာပေဆုပေါင်းများစွာကိုဆွတ်ခူးခဲ့တဲ့ ဝတ္ထုတစ်အုပ်ပါပဲ။
ဇာတ်လမ်းထဲမှာ ဟယ်ရီပေါ်တာဆိုတဲ့ ကောင်လေးတစ်ယောက်က ဟော့ဂ်ဝပ်စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးမှာ ပညာသွားရောက်သင်ကြားပြီး သူငယ်ချင်းတွေရ၊ ရန်သူတွေကို စွန့်စားတိုက်ခိုက်တဲ့ ဘဝဇာတ်ကြောင်းဖြစ်ရပ်တွေအကြောင်းကို fantasy ဆန်ဆန်ဖတ်ရှုရမှာဖြစ်ပါတယ်။ ဟယ်ရီပေါ်တာ နိုဗယ်စီးရီးဟာ ကမ္ဘာအနှံ့မှာ အုပ်ရေ သန်း ၅၀၀ ကျော် ရောင်းချခဲ့ရသလို ကမ္ဘာ့အရောင်းရဆုံးနိုဗယ်စီးရီးအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ရုပ်ရှင်အဖြစ်အသက်သွင်းရာမှာလည်း ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ ဒီလိုဝတ္ထုကို ဝန်ဇင်းမှာ အခုပဲဖတ်ရှုလို့ရပါပြီဗျို့။