နှစ်တစ်ရာ ကမ္ဘာ့စုံထောက် ၀တ္ထုတိုများ (၃)

မြသန်းတင့်

1100 Kyats ကျပ်
စာဖတ်သူတွေအတွက် ရှားလော့ဟုမ်းလောက် ကျွမ်းဝင်မှုမရှိကြပေမယ့် ကမ္ဘာ့စာပေမှာ အထင်အရှား စုံထောက် ဝတ္ထုဇာတ်လမ်းတွေ အများအပြားထွက်ပေါ်ခဲ့ပါတယ်။ ဒါတွေကို ဆရာမြသန်းတင့်က နှစ်တရာကမ္ဘာ့ စုံထောက်ဝတ္ထုတို များဆိုပြီး လက်ရွေးစဉ်ရွေးထုတ် ကောက်နုတ် ဘာသာပြန်ခဲ့ပါတယ်။ ဒီအမှတ် (၃) စာအုပ်က ၁၉၂၈ ခုနှစ်ကနေ ၁၉၄၀ ခု နှစ်အထိ အင်္ဂလိပ်နဲ့ အမေရိကန် စာရေးဆရာကြီးများရဲ့ ထင်ရှားတဲ့ ပင်တိုင်ဇာတ်ကောင်မွေး စုံထောက်ဝတ္ထုတို ရှစ်ပုဒ်ကို ဖော်ပြထားတာပါ။ စုံထောက်ဝတ္ထုဆိုရင် ဥပဒေဘက်တော်သား ဇာတ်ဆောင်တစ်ဦးအဖြစ်သာ ဖတ်ရှုကြရတာမို့ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး အဂ္ဂါဝါလေ့စ်ရဲ့ “စတုရန်းမယ်ဂျိမ်း” လို ဇာတ်ဆောင်က အမျိုးသမီး လူဆိုးစုံထောက်ဖြစ်နေတာမျိုး ကတော့ ထူးထူးခြားခြားကို ဖတ်ရှုသင့်တဲ့ ဝတ္ထုမျိုးလို့ ခိုင်ခိုင်မာမာပြောပါရစေ။