မှောင်ရိပ်ဝယ်
မြသန်းတင့်
1100 Kyats ကျပ်
ဒုစရိုက်လောကထဲကနေ ရုန်းမထွက်နိုင်တဲ့ တကယ့်လူဆိုးတစ်ယောက်အကြောင်း။ ဘဝက ဆင်းရဲနိမ့်ကျတယ်။ လောင်းကစား ပတ်ဝန်းကျင်မှာ ကျင်လည်ခဲ့ရတယ်။ ဖဲရှုံးလို့ မိခင်ရဲ့ ငွေကြေးပစ္စည်းတွေကို ခိုးယူရာကနေ နောက်တော့ သူခိုးကြီးဘဝကို ရောက်ရှိသွားတယ်။ ခဏခဏ ထောင်ကျ။ အမှောင်လောကရဲ့ နာမည်ကြီး ဖောက်ထွင်းဝိဇ္ဇာဖြစ်ခဲ့။ နောက်ဆုံးမှာ နိုင်ငံတော် သမ္မတကြီးအိမ်ကို ဖောက်ထွင်းမှုနဲ့ ထောင်ကျသွားတယ်။ တကယ်တော့ သူဟာ အမှောင်လောကမှာ ပျော်မွေ့သူ မဟုတ်ပါဘူး။ ဒီလောကထဲကနေ ရုန်းထွက်ဖို့ ဆန္ဒတွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သူပါ။ ချစ်ရသူရဲ့ တိုက်တွန်းမှု၊ မိခင်ရဲ့ ဆုံးမမှုတွေကြောင့် အမှောင်လောကနဲ့ အဆက်ဖြတ်ချင်ခဲ့တယ်။ ဒါပေမဲ့ ... ဘဝက ဘာတွေ ဆက်ဖြစ်လိမ့်မလဲ ? ဆရာကြီးမြသန်းတင့်ရဲ့ နာမည်ကျော်လက်ရာ တစ်ပုဒ်မို့ ဖတ်ကြည့်စေချင်ပါတယ်။