သည်းလွန်းတယ်လို့မင်းမထင်နဲ့
မြပုလဲသွယ်
800 Kyats ကျပ်
တိမ်တမန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။ မိဘတွေက ချမ်းသာတယ်။ သူကိုယ်တိုင်ကလည်း စီးပွားရေးလောကမှာ ကြိုးစားအောင်မြင်နေတဲ့ လူတစ်ယောက်။ ရုပ်ရည်ကလည်းရှိတော့ ကောင်မလေးတွေက သူ့အနား ဝိုင်းနေတာပေါ့။ ခက်တာက သူက ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားခဲ့ဘူးလေ။ ဒါပေမဲ့၊ မိုးဆောင်းခဆိုတဲ့ မိန်းကလေးတစ်ယောက်ကတော့ သူ့ရင်ကို လှုပ်ခါနိုင်စွမ်းရှိခဲ့ပါတယ်။
မိုးဆောင်းခဆိုတာ အရမ်းလှသလောက် နားလည်ရခက်တဲ့ စိတ်အခြေအနေနဲ့ အပြုအမူတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ အဖြစ်ပျက်တွေဖြစ်ပြီး သူတို့နှစ်ယောက် နီးစပ်ခဲ့သလို ကိစ္စပြီးပြတ်ခဲ့ကြပါတယ်။ လက်မထပ်ချင်ဘူးဆိုတဲ့ စကားနဲ့ ဇာတ်လမ်းပြတ်ဖို့ကြိုးစားတဲ့ မိုးဆောင်းခကို တိမ်တမန်က လက်မလွှတ်တဲ့အခါ … မိုးဆောင်းခကရော တိမ်တမန်နားက ဘာဖြစ်လို့ထွက်ပြေးချင်ရတာလဲ ? ဆိုတဲ့ မေးခွန်းတွေနဲ့အတူ ရင့်ကျက်ပြီး အချစ်ကြီးလှတဲ့ လူနှစ်ယောက်ကြားက ပြင်းရှတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ခံစားကြည့်စေချင်ပါတယ်။