ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၁၁)

ဖြိုးသူဝင်း

အခမဲ့
လျူယူရှီက ငိုရှိုက်နေရင်း ဒေါကန်နေသည့် အသံဖြင့် ပြောလိုက်၏။ “သူက ဘယ်ကို ပြေးသွားရမှာလဲ... သူက အိမ်ကိုပြန်ပြီး သူ့အဖေရဲ့ အကာအကွယ်အောက် ခိုလှုံမှာပေါ့... ယီယွမ်က အခု အဆင့်(၉) ချီစွမ်းအင်အဆင့် ရောက်နေပြီလေ... သူ့ကို သတ်ဖို့က ခွေးတစ်ကောင်ကို သတ်ရတာလို လွယ်ကူနေပြီလေ... သူ့ရဲ့အဘိုးကြီးက လွဲပြီး သူ့ကို ဘယ်သူက ကာကွယ် ပေးနိုင်မှာလဲ” စူးရီရှန်းက ရယ်မောချင်စိတ်ကို ထိန်းချုပ် မထားနိုင်ခဲ့ဘဲ အားပါးတရ ရယ်မော ပြောဆိုခဲ့သည်။ “ဟား ဟား... ငါ အစောကြီး ကတည်းက မပြောခဲ့ဘူးလား... ဒါပေမဲ့ ဂိုဏ်းတူ ညီလေးဝမ်က တကယ် သတ္တိ မရှိဘူးပဲ... ယီယွမ်လို အသေးအဖွဲလေးက သူ့ကို ဒီလောက်ထိ ကြောက်ရွံ့စေခဲ့တာလား” ထိုစကားအဆုံး၌ စူးရီရှန်းက မျက်ရည်များ ကျဆင်းနေသော လျူယူရှီကို ကြည့်လိုက်ပြီး ရွှတ်နောက်နောက် မေးမြန်းလိုက်၏။ “စောစောက မင်းပြောလိုက်တာ ငါဘာခိုင်းခိုင်း လုပ်မယ်လို့လား” လျူယူရှီက ထိုစကားကို ကြားသော် တုန်လှုပ်သွားခဲ့သည်။ စူးရီရှန်း၏ စကားအဓိပ္ပာယ်ကို သူမက မသိဘဲ မည်သို့ နေမည်နည်း။ သို့သော် ယခု အခိုက်အတန့်တွင် စူးရီရှန်းက သူမအား ကာကွယ်ပေးခြင်း မရှိပါက သူမ သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
ဖြိုးသူဝင်း ရေးသားသော စာအုပ်များ
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၁၈)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၅)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၆၂)
    500 Ks
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၃၆)
    500 Ks
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၁၀)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၅၉)
    500 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • အနာဂတ်ခရီးသည် (စာစဉ်-၁၉)
    500 Ks
  • အသန်မာဆုံးသော အပယ်ခံသား (စာစဉ်-၃၄)
    1000 Ks
  • ကောင်းကင်တာအိုရဲ့ မှော်ဆေးဧကရာဇ် (စာစဉ်-၅၇)
    500 Ks
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၃၆)
    500 Ks
  • နတ်ဘုရားမုခ်ဝ (စာစဉ်-၃၂)
    500 Ks
  • နှင်းလင်းယုန်အရှင်သခင် (စာစဉ်-၁၉)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ