ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၂၅)

ဖြိုးသူဝင်း

အခမဲ့
အဖွဲ့၏ နာမည်ဂုဏ်သတင်းက မည်သည့်အချိန်တွင်မှ ကောင်းမွန်ခြင်းမရှိခဲ့ပေ။ မည်သူက မှန်၍ မည်သူကမှားသည်ကို သူတို့၏ စိတ်ထဲ၌ မှန်းဆခဲ့မိကြပြီး ဖြစ်၏။ ထိုစကားကိုကြားသော် ဝမ်ဖန်က အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး ပြောလိုက်သည်။ "ကောင်းတယ်… တကယ်ကိုကောင်းတယ်… ငြိမ်သက်တိမ်တိုက်အဖွဲ့ကနေ အရိုးမာတဲ့တစ်ယောက် ထွက်ပေါ်လာတာပဲ… ဒီနေ့ ငါက မင်းရဲ့ မောက်မာရိုင်းစိုင်းမှုနဲ့ အရိုးတွေ ပျက်စီးသွားအောင် ကူညီပေးလိုက်မယ်" "ရပ်လိုက်…" ဝမ်ဖန်က စတင်လှုပ်ရှားတော့မည့် အချိန်တွင် အသံတစ်ခုက ရေခဲတမျှ အေးစက်စွာဖြင့် ထွက်ပေါ်လာခဲ့၏။ လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့မှ လူများ ရောက်ရှိလာကြခြင်း ဖြစ်၏။ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က အမှန်တကယ်ပင် တောင်ပိုင်းကုန်းမြေ၏ နံပါတ်တစ်အဖွဲ့ အဆင့်အတန်းနှင့် ထိုက်တန်လှပေသည်။ သူတို့က ဤခရီးသို့ လူနှစ်ဆယ်နီးပါး စေလွှတ်လိုက်၏။ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်အကြီးအကဲများ သုံးယောက် ပါဝင်ခဲ့ပေသည်။
ဖြိုးသူဝင်း ရေးသားသော စာအုပ်များ
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၂၀)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၉)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၄၉)
    500 Ks
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၁၁)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၁၇)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၅၃)
    500 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • သတ်ဖြတ်သူ ဂူမာစတာ (စာစဉ်-၂၆)
    400 Ks
  • ချိုမြိန်သော ဇနီးဆိုးလေး (အပိုင်း-၅၇) (စာမြည်း)
    Free
  • အနက်ရောင် မျှော်စင် (စာစဉ်-၂)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၅၇)
    500 Ks
  • လောကအားလုံးရဲ့ သခင် (စာစဉ်- ၈)
    500 Ks
  • ဓားတစ်လက်၏ ရာဇဝင် (စာစဉ်-၂)
    Free
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ