မာယာဧကရီ
တြိစက္က
800 Kyats ကျပ်
ဒီအဖြစ်အပျက်က သတ္တုတွင်းမန်နေဂျာ ကိုမင်းနောင် သိခဲ့ရတဲ့ အဖြစ်အပျက်ပေါ့။ ရှေးဟောင်းပစ္စည်းစုတတ်တဲ့ သူ့အကျင့်ကြောင့် ယူနန်နယ်စပ်မှာရှိတဲ့ ဦးဒိဗ္ဗ ဆိုတဲ့လူကြီးဆီ ရောက်ခဲ့တယ်၊ သက်တမ်းနှစ်ပေါင်း နှစ်ထောင်ကျော်ရှိတဲ့ ဟော်နန်းဟောင်းကြီးကိုလည်း လေ့လာခဲ့ရတယ်။ နောက်တော့ ဦးဒိဗ္ဗမဆုံးခင် သူ့ကို အတိတ်အကြောင်းရေးထားတဲ့ စာရွက်တစ်ထပ်ရယ်၊ ဟော်နန်းကြီးရယ်ကို အပိုင်ပေးခဲ့ပါတယ်။
အဲဒီစာရွက်ထဲမှာ ဟော်နန်းကြီးအကြောင်း၊ ဦးဒိဗ္ဗ၊ သူသိပ်ယုံကြည်ရတဲ့ သူငယ်ချင်း ဗညားမော်နဲ့ ဗညာမော်ရဲ့ ဇနီးဖြစ်သူ သီရိသိင်္ဂီမြို့တော် မင်းသမီး မာယာတို့ရဲ့ ကြေကွဲစရာအကြောင်း၊ သီရိသိင်္ဂီမြို့တော်အကြောင်း၊ နှစ်ခြမ်းကွဲနေတဲ့ ဟဒယစိန်ကြီးနဲ့ ဟဒယမျိုးနွယ်တွေအကြောင်းတွေ ပါဝင်တယ်။ မျက်နှာဖြူတွေအုပ်စိုးတဲ့ ခေတ်ကာလကို နောက်ခံထားပြီး ဖန်တီးထားတဲ့ ဂမ္ဘီရဆန်းကြယ် ဝတ္ထုတစ်ပုဒ်ဖြစ်လို့ အချိန်ကုန်လို့ ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်တဲ့အထိ စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်။