သန်းခေါင်းယံလွတ်လပ်ရေး
မောင်ပေါ်ထွန်း
1000 Kyats ကျပ်
အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်းကို ဇာတ်လမ်းဆင်ပြီး အသေးစိတ် ခြယ်မှုန်းထားတဲ့ သမိုင်းနောက်ခံ ဝတ္ထုကြီး ဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက စာရေးဆရာနှစ်ဦး အတူပူးပေါင်းရေးသားခဲ့တဲ့ ထူးထူးခြားခြား အားထုတ်မှုတွေ ရှိနေလို့ပါပဲ။ ဒီစာအုပ်ကို ရေးဖို့အတွက် စာရေးဆရာနှစ်ယောက်ဟာ လူပေါင်း (၃ဝ၀ဝ) လောက်ကို တွေ့ဆုံဆွေးနွေးခဲ့ရသလို သမိုင်းအထောက်အထား စာရွက်စာတမ်းပေါင်း တောင်ပုံရာပုံကို ဖတ်ခဲ့ကြရပါတယ်။ ခရီးမိုင်ပေါင်း နှစ်သိန်းခွဲကျော် ခရီးထွက်ပြီး ကွင်းဆင်းလေ့လာခဲ့ရသလို ဒီစာအုပ်ကို ရေးသားဖို့ အခြေခံ သုတေသန လုပ်ငန်းအတွက် ဒေါ်လာငွေ သုံးသိန်းလောက် ရင်းနှီးမြှုပ်နှံခဲ့ကြတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ (၁၉၄၇) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့ သန်းခေါင်ယံအချိန်မှာ နယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ခဲ့တာကြောင့် မူရင်းစာရေးဆရာနှစ်ဦးက “သန်းခေါင်ယံ လွတ်လပ်ရေး” ဆိုပြီး အမည်ပေးခဲ့ကြပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် သူတို့ဟာ ဒီစာအုပ်ကို “အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံ နှစ်နိုင်ငံရဲ့ အချစ်ဇာတ်လမ်း” လို့လည်း တင်စားခဲ့ကြတယ်။ ပြင်သစ်စာရေးဆရာ ဒိုမိနစ်လာပျားနဲ့ အင်္ဂလိပ်စာရေးဆရာ လာရီကောလင်းတို့ရဲ့ ထူးထူးခြားခြား အားထုတ်မှုဖြစ်တဲ့ ကမ္ဘာကျော်ဝတ္ထုကြီးကို ဆရာမောင်ပေါ်ထွန်းရဲ့ ဘာသာပြန်လက်ရာနဲ့ အရသာရှိရှိ ခံစားကြည့်လိုက်ရအောင်နော်။
မောင်ပေါ်ထွန်း ရေးသားသော စာအုပ်များ
'ဘာသာပြန် ရသ/သုတ စာပေ' စာအုပ် အမျိုးအစားများ