လောကသုံးပါးသခင် (စာစဉ်-၁၀)

ဇော်ဝင်းလှိုင်

500 Kyats ကျပ်
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေကြနဲ့တော့ … ငါတို့တွေက တစ်လှေတည်း စီးနေကြတာပဲ.. စိတ်ဝမ်းကွဲနေဖို့ အချိန်မရှိဘူး.. ” ယီချန်စွီတစ်ယောက် မာန်မဲလိုက်ရပါတယ်.. မဟုတ်ရင် ကိုယ့်အချင်းချင်း သတ်နေကြရဦးမယ်။ ယီချန်စွီ စိတ်ထဲရှိနေတာ တစ်ခုကတော့ အစောပိုင်းတုန်းက ဖြစ်ခဲ့ရတဲ့ ဒေါသတွေအတွက် ဂျန်ချန်ကိုဖမ်းပြီး နှိပ်စက်သတ်ဖြတ်ဖို့ပါ.. စိတ်ထဲကနေတော့ သူ သက်ပြင်းတစ်ချက် ချမိပါတယ်.. တကယ်ဆို သူက ပိုပြီးသန်မာတာလေ.. ပြီးတော့ အဖွဲ့တွေထဲမှာ သူအရင်ရောက်တာကို ဘာတစ်ခုမှ မပိုင်ဆိုင်လိုက်ရသလို.. သူတောင် နှပ်ချခံလိုက်ရသေးတာက ရင်နာစရာ.. “လခွမ်းထဲမှပဲ.. ပါးစပ်နား ရောက်နေတဲ့ အသားတုံးကြီးက ပုတ်ချခံလိုက်ရတယ်.. ” သူ တကယ်ပဲ စိတ်ဓာတ်ကျနေမိပါတယ်။ ဂျန်ချန် တစ်ယောက်ကနေ ဘာတွေ ဖြစ်ကျန်ခဲ့လဲ မစဉ်းစားဘဲ အမြန်ဆုံးနှုန်းနဲ့ ပျံသန်းနေပါတယ်။ ဆယ့်ငါးမိနစ်လောက် အကြာမှာတော့.. သူ ဂုရူနဲ့ အဖွဲ့ကို တစ်နေရာမှာ တွေ့လိုက်ရပါတယ်.. ရှစ်ကွက် အင်းဖွဲ့စည်းခြင်း ဝင်္ကပါပုံစံနဲ့ သူတို့အဖွဲ့က တောင်ဘက်က လာတဲ့ အုပ်စုကို ရှင်းလင်းပစ်လိုက်ပြီးပါပြီ။ ဒါက သူတို့အတွက် လမ်းပေါက်ပွင့်သွားပြီလို့ ဆိုလိုတယ် မဟုတ်လား။ ဂျန်ချန် ဂုရူနဲ့ အဖွဲ့နားရောက်သွားတာနဲ့ ချီကျယ်ပြောသမုဒ္ဒရာဆေးကို ပစ်ပေးလိုက်ရင်း..“ဒါတွေကို ဓားငှက်တွေ တိုက်လိုက်.. ပြီးရင် အချိန်မဆွဲဘဲ အမြန်ဆုံးနှုန်းနဲ့ ရှေ့ကို ဆက်ကြမယ်.. ”
ဇော်ဝင်းလှိုင် ရေးသားသော စာအုပ်များ
  • လောကသုံးပါးသခင် (စာစဉ်-၁၄)
    500 Ks
  • လောကသုံးပါး သခင် (စာစဉ်-၄၅)
    500 Ks
  • လောကသုံးပါး သခင် (စာစဉ်-၃၆)
    500 Ks
  • လောကသုံးပါး သခင် (စာစဉ်-၅၆)
    500 Ks
  • လောကသုံးပါးသခင် (စာစဉ်-၆၂)
    500 Ks
  • လောကသုံးပါးသခင် (စာစဉ်-၁)
    Free
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • ပညာရှင် ဧကရာဇ် (စာစဉ်-၁၆)
    500 Ks
  • အဆောင်သခင် သိုင်းဘုရင် (စာစဉ်-၃၂)
    500 Ks
  • နှင်းလင်းယုန်အရှင်သခင် (စာစဉ်-၁)
    Free
  • စိတ္တဇအမြင်အပါအဝင် ကလေးဇာတ်ကောင် စိတ်ဝင်စားဖွယ် ဝတ္ထုတိုများ
    600 Ks
  • ကောင်းကင်ဘုံ စာကြည့်တိုက် (စာစဉ်-၃၉)
    500 Ks
  • ဓားနဲ့အရိပ် (စာစဉ်-၁၃)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ