ဝတ္ထုတို

ကျော်အောင်

800 Kyats ကျပ်
ဒီစာအုပ်ကတော့ ဝတ္ထုတိုသဘောတရားနဲ့ ဝတ္ထုတိုတွေအကြောင်း ပြုစုထားတဲ့ စာတမ်းတစ်စောင်ဖြစ်ပြီး ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး ဆမ်းမားဆက်မွမ်ရဲ့ Short Story ဆိုတဲ့ စာအုပ်ကို မြန်မာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်။ ဆမ်းမားဆက်မွမ်ကိုယ်တိုင်ကလည်း ဝတ္ထုတိုတွေ အများအပြား ရေးခဲ့တဲ့ စာရေးဆရာတစ်ဦး၊ ဒီစာအုပ်မှာတော့ ခေတ်သစ်ဝတ္ထုတိုတွေအကြောင်း အသားပေး ပြောဆိုထားတာ တွေ့ရမှာပါ။ တကယ်တော့ ဝတ္ထုတိုဟာ စာမျက်နှာ များများမရတော့ အရေးကြီးတာလောက်ကိုပဲ ပြောနိုင်တယ်။ ကျန်တာကို စာဖတ်သူက ဖြည့်ပြီး စဉ်းစားရတယ်၊ တွေးရပါတယ်။ စာဖတ်သူရဲ့ အတွေ့အကြုံနဲ့ အသိအမြင် ပမာဏအလိုက် ဝတ္ထုတိုကို နားလည်နိုင်စွမ်းက မြင့်သွားပါပြီ။ အဲဒီလို ဝတ္ထုတို သဘောတရားတွေကို စာရေးဆရာကြီးတွေရဲ့ အမြင်တွေနဲ့ နှိုင်းယှဉ်ပြီး ဒီစာအုပ်မှာ လေ့လာနိုင်ပါတယ်။ ဝတ္ထုတို ရေးနည်းရယ်လို့ အတိအကျ မရှိတဲ့အပေါ် စာရေးဆရာတွေက ဘယ်လို နားလည်ကြသလဲ၊ ဝတ္ထုတိုကို ဘယ်လို ရေးကြသလဲ၊ ဘယ်လို တွေးကြသလဲ ဆိုတာ ဒီစာအုပ်ကို ဖတ်ခြင်းအားဖြင့် နားလည်နိုင်မှာပါ။
ကျော်အောင် ရေးသားသော စာအုပ်များ
  • ရာဇာမည်သောကျား
    600 Ks
  • အို ဂျေရုဆလမ်
    1000 Ks
  • ကမ္ဘာ့ဂန္ထဝင် ၁၀
    800 Ks
  • သင်၏သစ္စာမရှိသော
    800 Ks
  • လူ့သမိုင်း
    800 Ks
  • အရေးကြီးပြီ သွေးစည်းကြစို့
    1000 Ks
'ဝတ္ထုတို စာအုပ်များ' စာအုပ် အမျိုးအစားများ
  • ကမ္ဘာ့ သရဲ တစ္ဆေ ဝတ္ထုတိုများ
    800 Ks
  • သုတ ရသ စာပေ အနုပညာ ၁
    600 Ks
  • အိပ်မက်ဆိုး ဝတ္ထုတိုများ
    600 Ks
  • သစ္စာကို သက်သေတည်၍ အရှင်လတ်လတ်အလွမ်းခြွေပါရစေ
    600 Ks
  • မျှားယူနေရတဲ့ လရောင်
    600 Ks
  • ဝတ္ထုတိုပေါင်းချုပ် (အပိုင်း-၁)
    800 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ