ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု (ပထမပိုင်း) (၁၉၆၈-၁၉၇၆)

ကျော်ဝင်း

1000 Kyats ကျပ်
ကမ္ဘာ့စာပေမှာ အထင်ကရဖြစ်တဲ့ အတ္ထုပ္ပတ္တိဟန် ၀တ္တုကြီးတွေ ရှိကြပါတယ်။ ဆရာကျော်ဝင်းရဲ့ အခုစာအုပ်ကတော့ အဲဒီစာအုပ်ကြီးတွေနဲ့ တန်းညှိလို့ရတဲ့ ၀တ္ထုဟန် အတ္ထုပ္ပတ္တိလို့ ဆိုရမလားပဲ။ ဒါ့အပြင်ကို အခု ပထမပိုင်းစာအုပ်မှာတင်ပဲ (၁၉၆၈) ခုနှစ်ကနေ (၁၉၇၆) ခုနှစ်အထိ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးသမိုင်းစဉ်ကို လှစ်ဟပြထားတာမို့ နိုင်ငံရေးသမိုင်းမှတ်တမ်းလို့လည်း ပြောရပါလိမ့်မယ်။ အထူးသဖြင့် စာရေးသူကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု ဖြစ်စဉ်ကြီးကို ကဏ္ဍအလိုက် အခန်းစဉ်ကျကျ ရသမြောက်ရေးဖွဲ့ထားတာက အံ့မခန်းပါပဲ။ ဘယ်လို ခေါင်းစဉ်မျိုးပဲတပ်တပ် ဆရာကျော်ဝင်းရဲ့ ဒီစာအုပ်ဟာ စာရေးသူကိုယ်တိုင် ကြုံတွေ့ပါဝင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးသမိုင်းစဉ်ကို ရသမြောက်မြောက် ရေးဖွဲ့ထားနိုင်တာကိုက ထူးခြာမှုတစ်ခုပါ။ အဲ့ဒီ နှစ်ကာလတွေမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးလှိုင်းဂယက်၊ ကျောင်းသားထုအတွင်း နိုင်ငံရေးနိုးကြားတက်ကြွမှု၊ အာဏာရှင်အစိုးရရဲ့ ဖိနှိပ်မှုအောက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မြေအောက်လှုပ်ရှားမှု စိမ့်ဝင်ပျံ့နှံ့ပုံ စတာတွေနဲ့တကွ အရေးတော်ပုံတစ်ရပ်၊ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်တစ်ရပ် ကျရှုံးရခြင်းတို့ကို သင်ခန်းစာယူဖွယ် ဖော်ကျူးထားပါတယ်။ ဒါကြောင့် ဒီိစာအုပ်ဟာ တစ်ချိန်က မျိုးဆက်တစ်ရပ်ရဲ့ သမိုင်းဖြစ်စဉ်နဲ့အတူ ပေါ်ပေါက်ခဲ့တဲ့ ရသမြောက်စာအုပ်ကောင်း တစ်အုပ်အဖြစ် မဖြစ်မနေ ဖတ်ရှုသိမ်းဆည်းမျှဝေရမှာဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်။
ကျော်ဝင်း ရေးသားသော စာအုပ်များ
  • ပညာရှင်များခေတ်
    800 Ks
  • စိန်ခေါ်ကြသူများ
    1000 Ks
  • စာအုပ်များနှင့် ထင်မြင်ချက်များ
    600 Ks
  • မိုးမသောက် မှောင်မိုက် အရိပ်မပြေးမှီ
    800 Ks
  • ဖက်ဒရယ်မူ သဘောတရားနှင့်လက်တွေ့
    600 Ks
  • ဗမာပြည်ကွန်မြူနစ်ပါတီ နေထွက်ချိန်နှင့် နေဝင်ချိန်
    1000 Ks
'နိုင်ငံရေးစာအုပ်များ' စာအုပ် အမျိုးအစားများ
  • လင်းယုံနီ
    600 Ks
  • သိသားပဲ
    600 Ks
  • နှစ်ဆယ့်တစ်ရာစု သားရွှေဥ
    800 Ks
  • ခေတ်သစ်လက်ဝဲဝါဒမူလအစ
    800 Ks
  • မြန်မာ့နိုင်ငံရေးနှင့် သမဂ္ဂအဖွဲ့အစည်းများ
    500 Ks
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ပသတင်းဌာနများ တွေ့ဆုံမေးမြန်းမှုကောက်နုတ်ချက်များ
    800 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ