အပျိုလူပျို ဖတ်စာ (အပိုင်း-၁)

အကြည်တော်

100 Kyats ကျပ်
ဒီတစ်ခါ စာချစ်သူတို့အတွက် အထူးတင်ဆက်ပေးလိုက်တဲ့ စာအုပ်ကတော့ ဆရာအကြည်တော်ရဲ့ စာအုပ်အဖြစ် လုံးဝ မထွက်ရှိရသေးတဲ့ အသစ်စက်စက်ခင်ဗျ။ ‘(၂၅)နှစ်မကျော်ခင်နဲ့ အိမ်ထောင်မပြုခင် ဖတ်ပါ’ … တဲ့။ ဒီလို ညွှန်းထားသဗျ။ လူပျိုကြီးတစ်ယောက်ရဲ့ အချစ်နဲ့ အိမ်ထောင်ရေး အတွေးအမြင်တွေဆိုကတည်းက ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းမလဲဆိုတာ တွေးမကြည့်ပါနဲ့၊ ဖတ်သာ ဖတ်ကြည့်ပေတော့။ “ကိုယ့်ကိုယ်ကိုယ် အင်မတန်မှကို အကောင်းမြင်တတ်ပြီး၊ အင်မတန်မှကို စိတ်ရှည်သီးခံနိုင်တယ် ထင်နေသလား … ရည်းစားထားကြည့်ပါ” အဲဒီတော့မှ ကိုယ်ဘယ်လောက်ထိ သဝန်ကြောင်ပြီး၊ ဘယ်လောက်အထိ ရန်လိုပြီး၊ ဘယ်လောက်ထိ စိတ်ပုပ်၊ စိတ်ယုတ်များလဲဆိုတာ ပေါ်လာပါလိမ့်မယ်။ “ကိုယ့်ကိုယ်ကိုယ်တောင် တွေးထင်မထားတဲ့၊ အတွင်း စိတ်အတော်များများ ထပ်ပြီး ရှိနေပါသေးလား” ဆိုတာ သိလာရပါလိမ့်မယ်။ ချစ်သူရည်းစားထားလိုက်လို့၊ ဘဝကြီးတစ်ခုလုံး ပြောင်းလဲပြီး ကောင်းသွားတဲ့သူတွေ အများကြီးပါ။ ချစ်သူရည်းစားထားမှ ဆိုးသွမ်းခဲ့သူတွေလည်း မရေမတွက်နိုင်အောင် ရှိပါသေးတယ်။ အချစ်စိတ်ဆိုတာ လူတွေကို မထင်မှတ်လောက်အောင် တွန်းရွှေ့နိုင်တဲ့ အရာမျိုးပါ။ ရည်းစားမထားဖူးသူဟာ၊ ဆေးလိပ်မသောက်ဖူးသူလိုပါပဲ။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်၊ ခံတွင်းချဉ် တတ်မှန်း မသိသေးလို့ပါ။ အကျိုးသက်ရောက်မှုကတော့ အတူတူပါပဲ။ ချစ်သူရည်းစားထားခြင်းဟာ ရံဖန်ရံခါ၌ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
အကြည်တော် ရေးသားသော စာအုပ်များ
  • သစ်ရွက်လှေ
    900 Ks
  • ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း
    900 Ks
  • အပြစ်ကင်းတဲ့ ချစ်ခြင်းလင်္ကာ
    900 Ks
  • လျှို့ဝှက်သော ကစားပွဲ (၂)
    900 Ks
  • အပျိုလူပျို ဖတ်စာ (အပိုင်း-၁)
    100 Ks
  • ကျွန်မကအင်္ဂလိပ်မှမဟုတ်တာမောင်
    900 Ks
'အချစ်၊ အလွမ်း ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ
  • ထွန်းသစ်စလရောင်ခြယ်
    800 Ks
  • ရင်မှာထာဝရ
    800 Ks
  • အမုန်းဖြေတေး
    800 Ks
  • ခံစားထိရှမိလေသမျှ
    700 Ks
  • တစ်ဖက်သတ်
    800 Ks
  • ချစ်ဦးလှည့်ခွင့်ပေးပါ
    800 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ