လူပ်ိဳ အပ်ိဳဖတ္စာ

အကြည်တော်

900 Kyats ကျပ်
ဆရာအကြည်တော်က ဒီစာအုပ်ကို '(၂၅)နှစ် မကျော်ခင်နဲ့ အိမ်ထောင်မပြုခင် ဖတ်ပါ’ … တဲ့။ အဲဒီလို ညွှန်းဆိုရလောက်အောင်လည်း ဒီစာအုပ်ထဲမှာ လူငယ်တွေအတွက် တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ အများကြီးပါဝင်ပါတယ်။ "ကိုယ့်ကိုယ်ကိုယ် အင်မတန်မှကို အကောင်းမြင်တတ်ပြီး၊ အင်မတန်မှကို စိတ်ရှည်သည်းခံနိုင်တယ် ထင်နေသလား … ရည်းစားထားကြည့်ပါ" "အဲဒီတော့မှ ကိုယ်ဘယ်လောက်ထိ သဝန်ကြောင်ပြီး၊ ဘယ်လောက်အထိ ရန်လိုပြီး၊ ဘယ်လောက်ထိ စိတ်ပုပ်၊ စိတ်ယုတ်များလဲဆိုတာ ပေါ်လာပါလိမ့်မယ်" "ကိုယ့်ကိုယ်ကိုယ်တောင် တွေးထင်မထားတဲ့၊ အတွင်း စိတ်အတော်များများ ထပ်ပြီး ရှိနေပါသေးလားဆိုတာ သိလာရပါလိမ့်မယ်" ချစ်သူရည်းစားထားလိုက်လို့၊ ဘဝကြီးတစ်ခုလုံး ပြောင်းလဲပြီး ကောင်းသွားတဲ့သူတွေ အများကြီးပါ။ ချစ်သူရည်းစားထားမှ ဆိုးသွမ်းခဲ့သူတွေလည်း မရေမတွက်နိုင်အောင် ရှိပါသေးတယ်။ အချစ်စိတ်ဆိုတာ လူတွေကို မထင်မှတ်လောက်အောင် တွန်းရွှေ့နိုင်တဲ့ အရာမျိုးပါ။ ရည်းစားမထားဖူးသူဟာ၊ ဆေးလိပ်မသောက်ဖူးသူလိုပါပဲ။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်၊ ခံတွင်းချဉ် တတ်မှန်း မသိသေးလို့ပါ။ အကျိုးသက်ရောက်မှုကတော့ အတူတူပါပဲ။ ချစ်သူရည်းစားထားခြင်းဟာ ရံဖန်ရံခါ၌ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေက ဆုံးမစာ လုံးဝမဟုတ်ပါဘူး။ ငယ်ရွယ်ပြီး အသိမကြွယ်သေးတဲ့ အပျို၊ လူပျိုလေးတွေအတွက် ချစ်ရေးချစ်ရာနယ်ပယ်မှာ ဆောင်သင့်တာတွေ၊ ရှောင်သင့်တာတွေကို လမ်းညွှန်မြေပုံသဘောမျိုး ဆရာအကြည်တော်က စေတနာနဲ့ အမှာစကားပါးထားတာပဲ ဖြစ်ပါတယ်။ အချစ်နဲ့ အိမ်ထောင်ရေး အတွေးအမြင်တွေ ဆိုကတည်းက ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းမလဲဆိုတာ တွေးမကြည့်ပါနဲ့၊ ဖတ်သာ ဖတ်ကြည့်ပေတော့ဗျို့။