ပိုမိုကောင်းမွန်သော ဘ၀နေနည်း

ဟိန်းလတ်

600 Kyats ကျပ်
ဒီစာအုပ်ထဲမှာ မူရင်းစာရေးသူ OG Mandino ကိုယ်တိုင် သူ့ဘဝမှာ ပို့လိုက်တဲ့ စာမူတိုင်းကို စာအုပ်တိုက်ပေါင်းများစွာက ပယ်ချ၊ ရည်မှန်းချက်တွေ ပျောက်ဆုံးပြီး ကိုယ့်ကိုယ်ကိုတောင် အဆုံးစီရင်ပစ်လိုက်ဖို့အထိ စိတ်ဓါတ်တွေ အောက်ဆုံး ရောက်ခဲ့ရဖူးတဲ့ အတွေ့အကြုံတွေကို ဝန်ခံရေးသားထားပါတယ်။ အားလျှော့ခါနီး အချိန်လေးမှာ ဇနီးဖြစ်သူက အားပေးခဲ့လို့ နောက်ဆုံးစာအုပ်တိုက်ကို ပို့ခဲ့ရာမှ၊ သူ့ရဲ့ စာမူကို အသိအမှတ်ပြုပြီး နှစ်ပေါင်း ၂၀ ကြာ စာအုပ်တိုက်နဲ့ လက်တွဲလုပ်ပေးဖို့ ကမ်းလှမ်းခြင်းကို တအံ့တသြ လက်ခံခဲ့ရပါတယ်။ ကျွန်မတို့အတွက် ဘဝမှာ အခက်အခဲတွေ ပြဿနာတွေ ရှိနေတာ မှန်ပေမဲ့ ‘အမှောင်ဆုံးအချိန်သည် အရုဏ်တက်ဖို့ အနီးကပ်ဆုံးအချိန်ပဲ’ တဲ့။ ဒီစကားလေးကတော့ ဘဝမှာ အခက်အခဲ ကြုံလာရတိုင်း အလိုလို ဖြေရှင်းပေးတဲ့ မှော်အောင်တဲ့ စကားလေးပေါ့။ ဒီတော့ အမှောင်ဆုံးအချိန်တွေကို ဖြတ်ပြီး အရုဏ်တက်ချိန်အထိ ဘယ်လို ကြံ့ကြံ့ခံ နေထိုင်သွားမလဲ ? မိတ်ဆွေသူငယ်ချင်းတွေထဲမှာ ဘဝကို အရှုံးပေးချင်စိတ် ပေါ်လာတိုင်း၊ အခက်အခဲများစွာ ကြုံတွေ့လာတိုင်းမှာ ကိုယ့်အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်မျိုးတွေကို ရှာဖွေ ဖတ်ရှုတတ်မယ်ဆိုရင် အကောင်းဆုံးပေါ့ရှင်။ အမှောင်ဆုံးအချိန်တွေကို ဖြတ်သန်းနိုင်ဖို့ ဒီနေ့ မိတ်ဆက်လိုက်တဲ့ “ပိုမိုကောင်းမွန်သော ဘဝနေနည်း” စာအုပ်ကိုသာ ဖတ်ဖြစ်ခဲ့မယ်ဆိုရင် အခု ကြုံတွေ့နေရတဲ့ အခက်အခဲတွေကပဲ ပိုမိုအောင်မြင်တဲ့ အခြေအနေတစ်ခုကို တွန်းပို့ပေးမယ့် ခွန်အားတစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်မတော့ အာမခံလိုက်ရပါတယ်။
ဟိန်းလတ် ရေးသားသော စာအုပ်များ
  • လူတိုင်းအောင်နိုင်တယ်
    800 Ks
  • တတိယကမ္ဘာမှပထမကမ္ဘာသို့
    800 Ks
  • ချမ်းသာဖို့ အမြဲချမ်းသာဖို့
    800 Ks
  • အကောင်းပြုပြင် အကောင်းမြင်
    600 Ks
  • အဖြူကိုချစ်သောအမဲ၊ အမဲကို ချစ်သောအဖြူ
    600 Ks
  • ဆာအဲလက်စ်ဖာဂူဆန် သို့မဟုတ် မန်ယူ၏ ပဲ့ကိုင်ရှင်
    600 Ks
'ဘဝအောင်မြင်ရေးနှင့် စိတ်ခွန်အားပေး စာအုပ်များ' စာအုပ် အမျိုးအစားများ
  • ရွှေဖိနပ် ရှပ်တိုက်စီး
    600 Ks
  • လုပ်ရည်ကိုင်ရည်စီမံခန့်ခွဲမှု
    600 Ks
  • သားအတွက် စကား လက်ဆောင်(၃)
    600 Ks
  • အပျိုကြီးပုံပြင်
    800 Ks
  • ဘဝအတွက်တာစစ်တုရင်နည်းဗျူဟာ
    1250 Ks
  • မင်းလေးကိုချစ်လို့ သီချင်းဆိုရင်း အသက်ရှင်မယ်
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ