ပန်တော်ဦး နတ်သမီး
သျှင်မ
800 Kyats ကျပ်
စိန်မြရံ က လိုချင်တာကို မရရအောင် ယူတတ်တဲ့လူမျိုး။ အတ္တကြီးတယ်၊ စိတ်ကြီးတယ်။ သူနဲ့ လေဆန် က လင်မယားဆိုပေမဲ့ လေဆန်က သူ့ကိုလုံးဝမချစ်ပါဘူး။ ဒါပေမဲ့ မဖောက်ပြန်ဘူး။ တကယ်လည်း သူက လေဆန် ကို လှည့်စားပြီး အပိုင်သိမ်းယူထားခဲ့တာကိုး။ နောက်တော့ သိုးကလေး ဆိုတဲ့ မိန်းကလေးကို လေဆန် ရဲ့ အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့ စိန်မြရံ ကြံစည်တယ်။
အကြံအစည် အစစ်အမှန်ကိုတော့ သိုးကလေးက မသိပါဘူး။ နောက်တော့ လေဆန်နဲ့ သိုးကလေးက သဘောရိုးနဲ့ စကားပြောဆိုမိပေမဲ့ အတ္တကြီးတဲ့ စိန်မြရံ၊ သဝန်ကြောင်တဲ့ စိန်မြရံက မမှန်ကန်တဲ့ စွပ်စွဲချက်တွေ၊ အပြုအမူတွေ ပြုမူလာတဲ့အခါမှာ နာကြည်းစရာတွေ၊ အရှက်ရစရာတွေ၊ မုန်းတီးစရာတွေ ဖြစ်လာတော့တာပါပဲ။ စိန်မြရံ၊ သိုးကလေးနဲ့ လေဆန်တို့ သုံးယောက်ရဲ့ ပွတ်တိုက်မှုကို ဖတ်ရတာ တကယ်ကိုစွဲမက်ဖို့ကောင်းပါတယ်။
သျှင်မ ရေးသားသော စာအုပ်များ
'အချစ်၊ အလွမ်း ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ